ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း

Printer-friendly versionSend by email



နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူတစ်ဦးဖြစ်သည့် ဦးထင်ကျော်မှာ ဦးဝန် (စာရေးဆရာကြီး မင်းသုဝဏ်)- ဒေါ်ကြည်ကြည်တို့၏ သားဖြစ်ပြီး ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကွမ်းခြံကုန်းမြို့၌ မွေးဖွားသည်။ ဦးထင်ကျော်သည် ၁၉၆၂ ခုနှစ်တွင် စီးပွားရေး တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် စီးပွားရေး ပညာဘွဲ့နှင့် ၁၉၆၈ ခုနှစ်တွင် မဟာဘွဲ့ရရှိခဲ့သည်။ ထို့နောက် ဗြိတိန်နိုင်ငံတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အစိုးရဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ ၁၉၉၂ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။ ဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး အိမ်ထောင်ရှင်တစ်ဦးဖြစ်ကာ ၎င်း၏ဇနီးမှာ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်ဖြစ်သည်။