နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများအား တွေ့ဆုံ

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၁၈

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန် တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများအား  ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲ၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လိုက်နာပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။

တွေ့ဆုံပွဲသို့   ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးခင်မောင်ချို၊ ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင် ဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။