ဒုတိယသမ္မတဦးမြင့်ဆွေ၏ ကိုယ်ရေးအကျဉ်း

Printer-friendly versionSend by email



ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ နောက်တစ်ဦးမှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား)သည် ဦးကြီးမောင်-ဒေါ်ကြည်တို့၏ သားဖြစ်ပြီး ၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ စစ်တက္ကသိုလ် အမှတ်စဉ် (၁၅) သို့ ၁၉၇၁ ခုနှစ်တွင် တက်ရောက်ခဲ့ပြီး တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။ ၃၁-၃-၂၀၁၁ မှ ၃၁-၃-၂၀၁၅ ရက်နေ့ထိရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး အိမ်ထောင်ရှင် တစ်ဦးဖြစ်ကာ သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားသည်။