ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၏ ကိုယ်ရေးအကျဉ်း

Printer-friendly versionSend by email



ထို့ပြင် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူတစ်ဦးဖြစ်သည့် ဦးဟင်နရီ ဗန်ထီးယူသည် ချင်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး ဦးလျံတလုံး-ဒေါ်ငွန်ပါးရ်တို့၏ သားဖြစ်ကာ ၁၉၅၈ ခုနှစ် ဩဂုတ်လ ၉ ရက်တွင် ချင်းပြည်နယ် ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာ၌ မွေးဖွားသည်။ ဦးဟင်နရီဗန်ထီးယူသည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ပညာဆည်းပူးခဲ့ပြီး B.A (Dip in Law) ဘွဲ့ ရရှိခဲ့သည်။ တပ်မတော်အရာရှိတစ်ဦးဖြစ်ပြီး တပ်မတော်မှ အမှတ် (၁) စက်မှုဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်၍ ထိုမှ အငြိမ်းစားယူခဲ့သည်။ ၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး ဇနီးမှာ ဒေါက်တာဆွေလွမ်း ဖြစ်ကာ သားနှစ်ဦး၊ သမီးတစ်ဦး ထွန်းကားသည်။