နိုင်ငံတော်သမ္မတရုံး အလုပ်လျှောက်လွှာခေါ်ယူခြင်း ကြော်ငြာစာအမှတ်( ၁ / ၂၀၁၆ )

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အလုပ်လျှောက်လွှာခေါ်ယူခြင်း

ကြော်ငြာစာအမှတ်( / ၂၀၁၆ )

၁။ နိုင်ငံတော်သမ္မတရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူး (လစာနှုန်း ကျပ် ၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀)(၂၀)နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်။

၂။ အငယ်တန်းစာရေးရာထူးနေရာများ အတွက်အောက်ပါသတ်မှတ် ချက်များနှင့် ကိုက်ညီသူများ သည် ကိုယ်တိုင်ရေးလျှောက်လွှာပုံစံနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်းများ ပူးတွဲ၍ နိုင်ငံတော်သမ္မတရုံး၊ ရုံးအမှတ်-၁၈(နေပြည်တော်)သို့ ၁၆- ၁၁ - ၂၀၁၆ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ၊ စာတိုက်မှဖြစ်စေ လျှောက်ထား နိုင်ပါသည်-

 

(က)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

 

(ခ)

တက္ကသိုလ်တစ်ခုခုမှ အင်္ဂလိပ်စာ (သို့မဟုတ်) နိုင်ငံတကာ ဆက်ဆံရေး (သို့မဟုတ်)ကွန်ပျူတာ အထူးပြုဘာသာဖြင့် ဘွဲ့ရရှိထားသူဖြစ်ရပါမည်။

 

(ဂ)

အထူးပြုဘာသာရပ်ဆိုင်ရာ ရိုးရိုးဘွဲ့ရပြီးသူ ၃၁- ၁၀- ၂၀၁၆ ရက်တွင် အသက်( ၂၅ ) နှစ်ထက် မကျော်လွန်စေရ။

 

(ဃ)

အထူးပြုဘာသာရပ်ဆိုင်ရာ မဟာဘွဲ့ရရှိပြီးပါက ၃၁-၁၀-၂၀၁၆ ရက်တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်စေရ။

 

(င)

(၆)လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ၊ ဘွဲ့လက်မှတ်မိတ္တူ အသက် အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊ အခြား တတ်ကျွမ်းသော ဘာသာရပ်များအတွက် အောင်လက်မှတ် မိတ္တူနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားမိတ္တူ။

 

(စ)

(၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာ၊ အကျင့်စာရိတ္တကောင်း မွန်ကြောင်း ကျေးရွာ/ ရပ်ကွက် ထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာ။

 

(ဆ)

(၆)လအတွင်း ပြုလုပ်ထားသော အလုပ်သမားများမှတ်ပုံတင်မိတ္တူ။

 

(ဇ)

ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုကြောင်း ထောက်ခံစာ ( မူရင်း၊ မိတ္တူ )

၃။

အဆိုပါ အငယ်တန်းစာရေးရာထူး(၂၀)နေရာအတွက် အရည်အချင်းစစ် ရေးဖြေ စာမေးပွဲတွင် မြန်မာစာ၊အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတတို့ကို စစ်ဆေးမည်ဖြစ်ပြီး ၂၇-၁၁-၂၀၁၆ ရက်(တနင်္ဂနွေနေ့) နံနက် ၁၀ နာရီ မှ မွန်းလွှဲ ၁ နာရီအထိ နေပြည်တော်၌ ဖြေဆိုရ မည်ဖြစ်ပါသည်။

၄။

စာမေးပွဲဖြေဆိုခွင့် ခုံအမှတ်များကို ၂၅-၁၁-၂၀၁၆ရက် (သောကြာနေ့)တွင် နိုင်ငံတော် သမ္မတရုံး၊ ရုံးအမှတ် (၁၈)၊ နေပြည်တော်၌ ရုံးချိန်အတွင်းထုတ်ပေးသွား မည်ဖြစ်ပါသည်။

၅။

ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့လက်မှတ်၊ နိုင်ငံသား စိစစ်ရေးကတ်၊ တက္ကသိုလ် ဝင်တန်း အောင်လက်မှတ်နှင့် အခြားအောင်လက်မှတ်များ၊ အလုပ်သမား မှတ်ပုံတင် စသည်တို့ကို မူရင်းတင်ပြနိုင် ရပါမည်။ အသေးစိတ် သိရှိလိုပါက နိုင်ငံတော်သမ္မတရုံး၊ ရုံးအမှတ်-၁၈ (နေပြည်တော်)ဖုန်း- ၀၆၇- ၄၀၉၁၁၆၊ ၄၀၉၁၂၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။