ပြည်ထောင်စုအစိုးရအဖွဲ့ ကြေညာချက်အမှတ် ၁/၂၀၁၆

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

ကြေညာချက်အမှတ်  /၂၀၁၆

၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်  ရက်

(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်)

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှ ၁၄-၁၀-၂၀၁၆ ရက်နေ့တွင် မုံရွာမြို့သို့ ထွက်ခွာ လာသည့် ချင်းတွင်းမြစ်တွင်းသွား အေးငြိမ်းချမ်းသာ အမြန်မော်တော်ရေယာဉ်လိုင်းမှ အောင်စိုးမိုးကျော် (၂) အမြန် ရေယာဉ်သည် ၁၅-၁၀-၂၀၁၆ ရက်နေ့၊ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းအုပ်စု၊ မိချောင်းတွင်းကျေးရွာအနီးတွင် နစ်မြှုပ်ခဲ့ရာ ၂၀-၁၀-၂၀၁၆ ရက်နေ့အထိ ခရီးသည် (ကျား) (၁၃) ဦးနှင့် (မ) (၅၃) ဦး၊ စုစုပေါင်း (၆၆) ဦး၏ အလောင်းများကို ဆယ်ယူရရှိခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က အနီးကပ် ကြီးကြပ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။

 

၂။ ၂၀-၁၀-၂၀၁၆ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၆) တွင် ဆုံးဖြတ်ချက်အရ အဆိုပါ ဖြစ်စဉ်၌ သေဆုံးခဲ့သူများ၏ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲပါကြောင်း၊ အသက်ဆုံးရှုံးခဲ့သည့် ခရီးသည်များအတွက် သက်ဆိုင်ရာဌာန များက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ယင်းဖြစ်စဉ် ဖြစ်ပွားမှုအပေါ် စနစ်တကျ စစ်ဆေး၍ တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြ ကြေညာအပ်ပါသည်။

 

                                                                                        (ပုံ) ထင်ကျော်                                   

                                                                                         နိုင်ငံတော်သမ္မတ                                

                                                                                       ပြည်ထောင်စုအစိုးရအဖွဲ့