ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

Printer-friendly versionSend by email

မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူအားလုံး မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေကို ပက်ဖျန်းကာ နှစ်သစ်ကို ကြိုဆိုဆင်နွှဲလျက်ရှိနေ ကြတဲ့ ဒီအချိန်အခါသမယမှာ လူမျိုး ဘာသာမခွဲခြားဘဲ အချင်းချင်း မေတ္တာ စေတနာ ကရုဏာများထားပြီး တစ်အူ ထုံ့ဆင်း ညီရင်းအစ်ကို စိတ်ဓာတ်နဲ့ ခေတ်သစ်ကို ပျော်ရွှင်လန်းဆန်းစွာ တက်ညီလက်ညီ ချီတက်နိုင်ကြပါ စေ။

ဘေးရန်အ္တရာယ်များ ကင်းရှင်းပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ကြ ပါစေ။

ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒများ ပြည့်၀ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ပျော်ရွှင်ဖွယ် မင်္ဂလာနှစ်သစ်ဖြစ်ပါ စေ။