ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်
  • ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်
  • ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်
  • ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်

ရန်ကုန် ဧပြီ ၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် လူမှုရေးရာနှင့် အလုပ်အကိုင်ရရှိရေးရာဝန်ကြီး H.E.Mr.Lodewijk Asscher ၏ ဖိတ်ကြားချက်အရ နယ်သာလန်နိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာရာ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိ သူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ဒုတိယသမ္မတနှင့်အတူ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

 

ဒုတိယသမ္မတ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ စကစ်ပိုလေဆိပ်သို့ ဒေသစံတော် ချိန် ညနေ ၄ နာရီခွဲတွင် ရောက်ရှိရာမြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Robert Marie Jurg ens နှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နယ်သာလန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် ဘရတ်ဆဲလ်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ကြိုဆိုနှုတ်ဆက်ကြသည်။