ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံရှိ ရိုတာဒမ်ဆိပ်ကမ်းအား လှည့်လည်ကြည့်ရှု

Printer-friendly versionSend by email
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံရှိ ရိုတာဒမ်ဆိပ်ကမ်းအား လှည့်လည်ကြည့်ရှု
  • ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံရှိ ရိုတာဒမ်ဆိပ်ကမ်းအား လှည့်လည်ကြည့်ရှု
  • ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံရှိ ရိုတာဒမ်ဆိပ်ကမ်းအား လှည့်လည်ကြည့်ရှု
  • ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံရှိ ရိုတာဒမ်ဆိပ်ကမ်းအား လှည့်လည်ကြည့်ရှု

ရိုတာဒမ် ဧပြီ ၂၀

    နယ်သာလန်နိုင်ငံ၌ အလုပ်သဘောခရီးဖြင့် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ရိုတာဒမ်မြို့ရှိ  delta work ၊  ရိုတာဒမ်ဆိပ်ကမ်းနှင့် Maasvlakte I နှင့် II တို့အား ရဟတ်ယာဉ်ဖြင့် ကြည့်ရှုလေ့လာကြသည်။

    ယင်းနောက် ဒုတိယသမ္မတဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ရိုတာဒမ် ဆိပ်ကမ်း လုပ်ငန်းစဉ်များအား သင်္ဘောဖြင့် လိုက်လံကြည့်ရှုလေ့လာရာ ဆိပ်ကမ်း ညွှန်ကြားရေးမှူး  Mr. Rene van der pals က ဆိပ်ကမ်းလုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။

    ရိုတာဒမ်ဆိပ်ကမ်းသည် ဥရောပ၌ အကြီးဆုံးဆိပ်ကမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။