နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ထိုင်းနိုင်ငံနှင့် ဘယ်လ်ဂျီယံသမ္မတနိုင်ငံ သံအမတ်ကြီးများ ခန့်အပ်လွှာပေးအပ်

Printer-friendly versionSend by email

နေပြည်တော် ဧပြီ ၂၆

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ ဂျတ်ခ်ဘွန်လုံသည် ယနေ့ မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ ဘယ်လ်ဂျီယံသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ ဖိလစ်ခရီဒယ်လ်ကာသည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ၎င်းတို့၏ သံအမတ် ခန့်အပ်လွှာများကို ပေးအပ်ကြသည်။

 

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ သမ္မတရုံးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် သံတမန်ရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။