မြန်မာနိုင်ငံပိုင်ဂြိုလ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email
မြန်မာနိုင်ငံပိုင်ဂြိုလ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား
  • မြန်မာနိုင်ငံပိုင်ဂြိုလ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား
  • မြန်မာနိုင်ငံပိုင်ဂြိုလ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား
  • မြန်မာနိုင်ငံပိုင်ဂြိုလ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၂၈

    မြန်မာနိုင်ငံပိုင် ဂြိုလ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံပိုင်ဂြိုလ်တုစနစ် တည်ထောင် ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက မိမိတို့နိုင်ငံအနေဖြင့် ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို Geostationary ပတ်လမ်း Indian Ocean Region (IOR) 60 Degree East တည်နေရာတွင်ရှိသည့် Intelsat V ဂြိုလ်တုကို အသုံးပြုပြီး အပြည်ပြည်ဆိုင်ရာ တယ်လီဖုန်းဆက်သွယ်ရေးနှင့် TV receiving တို့အတွက် ၁၉၇၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် က စတင် အသုံးပြုခဲ့ပါကြောင်း၊ ၁၉၉၀ ခုနှစ် ဇန်နဝါရီလကစပြီး နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်း ဂြိုလ်တုဆက်သွယ်ရေး စနစ်ကိုလည်း Geostationary ပတ်လမ်းတွင်ရှိသည့် AsiaSat-1 ကို အသုံးပြုပြီး ပြည်တွင်း တယ်လီဖုန်းဆက်သွယ်ရေးနှင့် TV ထပ်ဆင့်လွှင့်စနစ်များကို ဆောင်ရွက် ခဲ့ပါကြောင်း။

ပြည်တွင်းဂြိုလ်တုဆက်သွယ်ရေးစနစ်ကို  ၁၉၉၈ ခုနှစ်၊ ဇွန်လတွင် Geostationary ပတ်လမ်းတွင်ရှိသည့် ThaiCom 3 သို့ ပြောင်းလဲပြီး အသုံး ပြုခဲ့ပါကြောင်း၊ ဂြိုလ်တုအသုံးပြုမှုတွင် Transponder သည်လည်း တစ် နေ့တစ်ခြားတိုးပွားများပြားလာပါကြောင်း၊ဆက်သွယ်ရေးစနစ်တွင် တိုးတက် အသုံးပြုလာသကဲသို့ Broadcasting ကဏ္ဍတွင်လည်း တစ်နေ့တစ်ခြား တိုး ပွားများပြားလာပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ ပညာရေး လုပ်ငန်းများအစရှိသည့် ကဏ္ဍများစွာတွင်လည်း အသုံးပြုမှုများရှိလာပါ ကြောင်း၊ ယင်းသို့ အသုံးပြုကြရာတွင် တစ်သီးတစ်ခြားစီ ဂြိုလ်တုကို ငှားရမ်း သုံးစွဲနေကြရသည့်အတွက် ကုန်ကျစရိတ် ပိုမိုများပြားနေကြသည်ကို တွေ့ရှိရပါကြောင်း၊ ဂြိုလ်တုဆက် သွယ်ရေးစနစ်သည် ကုန်းတွင်းဒေသ၊ ရေပြင်ဒေသ၊ ကျွန်းစုဒေသများ အပါအဝင် နေရာဒေသမရွေးသို့ အချိန်တို အတွင်းတွင် ဆက်သွယ်မှုကို ပေးနိုင်သည့်စနစ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ရေမြေသဘာဝအရ လူမှုစီးပွားရေးတိုးတက်ရန်အတွက် ကျွန်းများ၊ ကျေးလက်ဒေသများပါ မကျန် အချိန်တိုအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရန်နှင့် သဘာ၀ ဘေးအန္တရာယ်များ ကျရောက်ပါကလည်း အချိန်တို အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ရန် ဂြိုလ်တုဆက်သွယ်ရေး စနစ်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်တွင် Geostationary ပတ်လမ်းအပြင် အခြားပတ်လမ်းအသုံးပြုခြင်းများလည်း ရှိကြပါကြောင်း၊ လိုအပ်ချက်အပေါ် မူတည်ပြီး အသုံးပြုကြပါကြောင်း။      

မိမိတို့ဦးဆောင်ကော်မတီအနေဖြင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်း တာဝန်များမှာ မြန်မာနိုင်ငံပိုင် ဂြိုလ်တုစနစ်အတွက် ဂြိုလ်တုစနစ် တည်ထောင်ရေးဆိုင်ရာ မူဝါဒများနှင့် နည်းလမ်းများ ချမှတ်ပေးခြင်း၊ ဂြိုလ်တုစနစ်တည်ထောင်ရေးဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုသွားနိုင်ရေး လမ်းညွှန်မှုပေးခြင်း၊ ITU (International Telecommunication Union ) အပါအဝင် ပြည်ပအဖွဲ့အစည်းများဖြင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေး၊ သဘောတူညီချက်များအား အကောင်အထည်ဖော်နိုင်ရေး တို့အတွက် လမ်းညွှန်မှုပေးခြင်း၊ ဂြိုလ်တုစနစ် တည်ထောင်ရေးအတွက် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များအား လမ်းညွှန်ဆောက်ရွက်ခြင်း၊ နိုင်ငံတော်အတွင်း လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂြိုလ်တုစနစ်ဖြင့် အသုံးချ စနစ်များ ဖော်ဆောင်ရန် လမ်းညွှန်မှုပေးခြင်း၊ ခေတ်မီအာကာသနည်းပညာ ရပ်များ ရရှိနိုင်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များအတွက် လမ်းညွှန်မှုပေးခြင်း၊ လိုအပ်ပါက မြန်မာနိုင်ငံ Space Agency တစ်ရပ်ဖွဲ့စည်းတည်ထောင်နိုင်ရေး လမ်းညွှန်မှုပေးခြင်းတို့ ဖြစ်ပါကြောင်း ပြော ကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံတွင် လက်ရှိ ဂြိုလ်တုအသုံးပြုနေသည့် အခြေ အနေ၊ ဂြိုလ်တုစနစ်တည်ဆောက်ပါက ကုန်ကျမည့် ငွေကြေးပမာဏ ၊ ဂြိုလ်တုပိုင်ဆိုင်မှု စနစ်များ၊ လက်ရှိငှားရမ်းသုံးစွဲနေသည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာအောင်သူ၊  ဒုတိယဝန်ကြီးများ၊ နိုင်ငံတော်ပိုင် ဂြိုလ်တုစနစ်တည်ထောင်ရေးလုပ်ငန်းကော်မတီဝင်များ၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက နိုင်ငံတော်ပိုင် ဂြိုလ်တုစနစ်တည်ထောင်ပါက ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ ဝန်ကြီးဌာန အလိုက်သုံးစွဲနေမှုများနှင့် စပ်လျဉ်း၍ အကြုံပြုဆွေးနွေးကြသည်။

ထို့နောက် ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လျာထားပြီး အကျိုးအမြတ်တွက်ချက်ကာ ဆောင်ရွက်သင့်သည်များကို  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်ဖက် တွင် ပူးတွဲလုပ်ဆောင်နေသည့်အချိန်၌ မြန်မာနိုင်ငံပိုင်ဂြိုလ်တု စနစ်တည် ထောင်နိုင်ရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ နည်းပညာ၊ လုံခြုံရေးကောင်းသည့် ဂြိုလ်တုနှင့် ခ်ျိတ်ဆက်ပြီး လုပ်ဆောင်ပါက အကျိုးများစွာ ရရှိမည်ဖြစ်ပြီး အောင်မြင် မည်ဟု ယုံကြည်ပါကြောင်း၊ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင် ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။