နိုင်ငံတော်သမ္မတ ဦးထင်ကျော် International Committee of the Red Cross (ICRC) ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

နေပြည်တော် မေ  ၁၂

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျီနီဗာမြို့အခြေစိုက် International Committee of the Red Cross (ICRC) ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများပေးအပ်ရေးကိစ္စ၊ မြန်မာနိုင်ငံနှင့် ICRC အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။