တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးအား နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

နေပြည်တော် မေ  ၁၇

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ehsan Ullah Batth အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ အစိုးရအဖွဲ့များအကြား အဆင့်မြင့် ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။