ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ ပြန်လည်ထွက်ခွာ

Printer-friendly versionSend by email

ဆိုးလ် ဇူလိုင် ၂၂

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဂျွန် အက်ဖ် ကနေဒီ (John F Kennedy) အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားလေကြောင်းလိုင်း ဖြင့်ထွက်ခွာရာ ဇူလိုင် ၂၂ ရက် ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၅၀ တွင် ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့သို့ရောက်ရှိကြသည်။

 

ဒုတိယသမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သူရဦးသက်ဦးမောင်နှင့် တာဝန်ရှိသူများက အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် စင်္ကာပူလေကြောင်းလိုင်းဖြင့် စင်္ကာပူမြို့ သို့ထွက်ခွာပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်းသိရသည်။