ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

Printer-friendly versionSend by email

ရန်ကုန်၊ ဇူလိုင် ၂၃

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့၌ကျင်းပသည့် ရေသယံဇာတနှင့် ဘေးအန္တရာယ်များဆိုင်ရာ တတိယ အကြိမ် ကုလသမဂ္ဂအထူးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

 

ဒုတိယသမ္မတနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီး မစ္စတာစကော့မာစီရယ်လ်နှင့် တာဝန်ရှိသူများ က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။