တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာတော့မည့် ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး အား နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၁၇

တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာတော့မည့် ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ အား နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ပြည်ပနိုင်ငံများမှရင်းနှီးမြုပ်နှံမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှုအခြေအနေများနှင့် မြန်မာ- EU ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဦးခင်မောင်တင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။