"စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း"

Printer-friendly versionSend by email

နေပြည်တော်၊ ဒီဇင်ဘာ ၁

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂-၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် ဖြစ်ပွားရသည့် နောက်ခံအခြေအနေများနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး အကြံပြု တင်ပြနိုင်ရန် အတွက် "စုံစမ်းစစ်ဆေးရေးကော်မရှင်" ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၉/၂၀၁၆) ဖွဲ့စည်းခဲ့သည်။

 

"စုံစမ်းစစ်ဆေးရေးကော်မရှင်" ဖွဲ့စည့်းသည့် ဖွဲ့စည်းမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-