အကျဉ်းသားကျောင်းသား၊ ကျောင်းသူ (၇)ဦးပြန်လည်လွတ်မြောက်

Printer-friendly versionSend by email

နေပြည်တော် ဩဂုတ် ၇

 

မန္တလေးအကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော အကျဉ်းသားကျောင်းသူ (၇)ကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအကျဉ်းသားများကို နိုင်ငံတော်သမ္မတရုံး၏ ၄ -၈-၂၀၁၇ ရက်စွဲပါစာအမှတ် ၁၀၂ (၁)/၈/သမ္မတရုံး အရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)ဖြင့်  ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 

ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားကျောင်းသူများမှာ မန္တလေးအကျဉ်းထောင်မှ ရွှန်းလဲ့ဝေကျော် (ခ) မအမြူး(ဘ)ဦးကျောင်အောင်၊ ဟိန်းထက်အောင်(ခ)လီရှင်းထက် (ဘ) ဦးလီပိန်ဖူး၊ လှိုင်မင်းဦး(ဘ) ဦးဝင်းလွင်၊ ထွဋ်ခေါင်မျိုးဝင်း(ဘ)ဦးကျော်စွာမျိုးဟိန်း၊ အောင်ချမ်းမင်း(ဘ) ဦးစံမြင့်ကြည် ၊ အင်းစိန်အကျဉ်းထောင်မှ ရဲထွဋ်အောင်(ခ)ထွဋ်ထွဋ်(ဘ) ဦးဗိုလ်နီ၊ သင်းနိုင်ဖြိုး(ခ) သက်ဖြိုးနိုင်(ခ) နောင်ကွဲ (ဘ)ဦးစိုးမြင့် (ခ)ဦးမြင့်စိုး တို့ဖြစ်သည်။