ရခိုင်ပြည်နယ်၊ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

Printer-friendly versionSend by email

ရခိုင်ပြည်နယ်၊ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏

 သတင်းထုတ်ပြန်ချက်

( ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ  ၂၀  ရက် )

 

၁။      ရခိုင်ပြည်နယ်မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မောင်တောဒေသနှင့် စပ်လျဉ်းသော အစီရင်ခံစာပါ အချက်အလက်များကို စုံစမ်းစစ်ဆေးနိုင်ရန် မောင်တောဒေသသို့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။

၂။      ကော်မရှင်သည် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာပါ ထိခိုက် နစ်နာမှုရှိကြောင်း ဖော်ပြပါရှိသော ကျေးရွာပေါင်း ( ၂၀ )ရွာကို သွားရောက်၍ မိမိတို့ အစီအစဉ်အတိုင်း သိုသိပ်စွာ သီးခြားတွေ့ဆုံမေးမြန်းသည့် နည်းလမ်းဖြင့်လည်းကောင်း၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများအပေါ် အခြေခံသည့် နည်းလမ်းများဖြင့်လည်းကောင်း အချိန်ယူ၍ အသေးစိတ် ကွင်းဆင်းမေးမြန်း လေ့လာခဲ့ပါသည်။

၃။      ကော်မရှင်၏မေတ္တာရပ်ခံချက်နှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ကလည်း သင့်လျော်သောပုဂ္ဂိုလ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး မောင်တောဒေသအတွင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင် ဥက္ကဋ္ဌသည် မောင်တောဒေသ၌ အထက်ပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်အသီးသီးနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့ပါသည်။

၄။      မိမိတို့ကော်မရှင်သည် စုံစမ်းစစ်ဆေးရေးတာဝန်များကို ဆောင်ရွက်ခဲ့သည့်အပြင် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ် များကိုလည်း ပိုမိုတိုးတက် ကောင်းမွန်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြအပ်ပါသည်။