နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်အမှတ်၊ ၃ / ၂၀၁၇

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ်၊ / ၂၀၁၇

၁၃၇၉ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်

(၂၀၁၇ ခုနှစ် ဇွန် ရက်)

 

၁။ တပ်မတော်သားများနှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ် (Y- 8 - 200 F အမျိုးအစား၊ လေယာဉ် အမှတ်- ၅၈၂၀) သည် စစ်သည်/ မိသားစု ၁၀၈ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦး နှင့် ကုန်တန်ချိန် ၂.၄ တန်ခန့် သယ်ဆောင်၍ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာ၍ အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းနေစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ် အချိန်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ် ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက် သွားခဲ့သည်။

 

၂။ ထိုသို့ အဆက်အသွယ်ပြတ်တောက်ပြီးနောက် မွန်းလွဲ ၂ နာရီမှ စတင်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တပ်မတော်မှ စစ်ရေယာဉ်များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်လည်းကောင်း၊ မြေပြင်တပ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၊ နံနက် ၈ နာရီ ၁၈ မိနစ်တွင် လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင်၊ ကျောက်နီမော်ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်အကွာ ပင်လယ်ပြင်တွင် လေယာဉ်၏ အစိတ်အပိုင်း အချို့၊ ရုပ်အလောင်း ၃ လောင်း၊ အသက်ကယ်အင်္ကျီ ၂ ထည်နှင့် အဝတ်အစား အိတ်အချို့အား တွေ့ရှိ ဆယ်ယူရရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 

၃။ ဤကဲ့သို့ တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆမှု ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ထပ်တူထပ်မျှ ပူပန်ဝမ်းနည်းကြေကွဲရပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။