နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ်၊ ၄/၂၀၁၇

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် အမှတ်၊ /၂၀၁၇

၁၃၇၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ရက်

( ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ရက် )



၁။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ၎င်းဒေသများသို့ သွားရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်သမ္မတထံ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပခဲ့ပါသည်။



၂။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများက ရခိုင်ပြည်နယ်၏ နောက်ဆုံး အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းတိုင်ပင်ခဲ့ကြပြီး ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို အကြံပြုတင်ပြခဲ့ကြပါသည်။



၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး အနေဖြင့်လည်း စက်တင်ဘာလ ၅ ရက်နေ့တွင် “ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုသတင်းနှင့် မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပေါ်ရေးအတွက် သတင်းထုတ်ပြန်ချက်” ကို ထုတ်ပြန်ထားခဲ့ပြီး ပြည်သူများ လုံခြုံရေးသတိ ရှိစေရန်နှင့် သွေးထိုးလှုံ့ဆော်မှုများကို ကြိုတင်ကာကွယ်တားဆီးကြရန် တိုက်တွန်း ထားပြီးဖြစ်ပါသည်။



၄။ အကြမ်းဖက်တိုက်ခိုက်နိုင်မှု အလားအလာများနှင့် ပတ်သက်၍ ဆောင်ရွက်ဖွယ်ရာရှိသည်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုတင်ဆောင်ရွက်လျက် ရှိပါသည်။ အလားတူယုံကြည်မှု အစွန်းရောက်သူ တို့က ပြည်သူအများ စိုးရိမ်ပူပန်မှုများကို အသုံးချ၍ ဆူပူအကြမ်းဖက်မှုများ ပြုလုပ်လာပါက လုံခြုံရေး အဖွဲ့အစည်းများက ထိရောက်စွာ ဟန့်တား၍ ဥပဒေချိုးဖောက်လာပါက တည်ဆဲဥပဒေများနှင့် အညီ ထိထိရောက်ရောက် အရေးယူသွားရန်လည်း လမ်းညွှန်ထားခဲ့ပါသည်။



၅။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးသတိရှိရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် အဓိကအကျဆုံးလုပ်ငန်းများဖြစ်ပါ၍ ပြည်သူများအားလုံးက တရားဥပဒေနှင့်အညီ တည်ငြိမ်အေးချမ်း စွာနေထိုင်ခြင်းဖြင့် နိုင်ငံတော်အစိုးရကိုကူညီပံ့ပိုးပေးနိုင်ကြပါရန် အသိပေး တိုက်တွန်းအပ်ပါသည်။