စစ်တွေမြို့၌ စိတ်ကြွဆေးပြား ၁၉၆၃၈၀ ပြား ဖမ်းဆီးရမိ

Printer-friendly versionSend by email

ဖေဖော်ဝါရီ ၁၈၊၂၀၁၇

စစ်တွေမြို့၊ အုန်းတောကြီးကျေးရွာနေ ဟာရူလာမီနှင့် ရှောင်ချီဒါဘေခေါင်၏ အိမ်သို့ တစ်ရွာတည်းနေ ဇာရီတူဆောင်းမှ ပီနံအိတ်တစ်ထုတ်သယ်ဆောင်လာကြောင်း သတင်းအရ တာဝန်ရှိသူများမှ ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီတွင် သွားရောက်စစ်ဆေးရာ အိ်မ်ပိုင်ရှင် ရှောင်ချီဒါဘေခေါင် မှာထွက်ပြေးသွားခဲ့သည်။

တွေ့ရှိသည့် ပီနံအိတ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကာလတန်ဖိုး ငွေကျပ် သိန်း ၅၉၀၀ ခန့်ရှိ WY စိတ်ကြွဆေးပြား ၁၉၆၃၈၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဟာရူလာမီ၊ ဇာရီတူဆောင်းနှင့် ရှောင်ချီဒါဘေခေါင်တို့ ၃ ဦးအား ဖမ်းဆီးရမိရေးနှင့် ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)