ချဉ်ပေါင်ပင်ခြောက်အပုံအောက်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

ဗန်းမော် ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ၌ ချဉ်ပေါင်ပင်ခြောက်အပုံအောက်တွင် ဝှက်ထားသည့် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာသတင်းကွင်းဆက်အရ ကျိုင်းတုံမြို့နယ်ပန်ကုလားကျေးရွာနေ ဇာခရိ၏နေအိမ် ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား၂၁၆၀၀ နှင့် ဘိန်းစိမ်း ၁ ဒသမ ၀၅ ကီလို၊ ငွေကျပ်ကျပ် ၁ ဒသမ ၃ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။

ကိုရဲအုပ်စု ဘုန်းပင်ရပ်၌ သတင်းအရခရိုင် မှုခင်းအကူဌာနမှ ရဲအုပ်မြင့် ထူးဦးစီးအဖွဲ့ က ဖေဖော်ဝါရီ ၁၆ ရက် နံနက်၆ နာရီခွဲခန့်က စင်းခန်းကျေးရွာနေဒေါ်ညိုနွဲ့၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်တောင်ဘက် ၂၅ ပေ ခန့် အကွာတွင် စုပုံထားရှိသော ချဉ်ပေါင်ပင် ခြောက်ပုံအောက်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၅ ပြား(အလေးချိန် ၇ ဒသမ၅ ဂရမ်)တွေ့ ရှိခဲ့သဖြင့် စင်းခန်းကျေးရွာ နေထိုင်သူ ဒေါ်ညိုနွဲ့ (၅၅ နှစ်)ကို စင်းခန်းနယ်မြေရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။