မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Printer-friendly versionSend by email

ဖေဖော်ဝါရီ ၂၀၊၂၀၁၇

မောင်တောမြို့နယ်၊ ဖေဇီကျေးရွာနေ မူဟာမတ်အီဆုပ်၏ နေအိမ်သို့ မေယုစစ်ဆင်ရေးအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁ဝနာရီက သတင်းအရ ဝင်ရောက်ရှာဖွေရာ WY နှင့် R စိတ်ကြွရူးသွပ်ဆေးပြား ၆၂ ပြား ကာလတန်ဖိုး ၁၂၄၀၀၀ ကျပ် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးမေးမြန်းချက်အရ မောင်တောမြို့ ၂ ရပ်ကွက်နေရာ မောက်ဒူလာထံမှ ဝယ်ယူခဲ့ကြောင်းသိရသည်။

အလားတူ ယင်းနေ့ ၁၂နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် ရာမောက်ဒူလာ၏ အိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်း၏မိခင် မရော်ဂျီရာဘေဂေါင်၏ သံသေတ္တာ အတွင်းမှ WY စိတ် ကြွဆေးပြား ၉၇၅ ပြား ကာလတန်ဖိုး ငွေကျပ် ‎၁၉၅၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ၎င်းအား စစ်ဆေးမေးမြန်းချက်အရ သားဖြစ်သူ ရာမောက်ဒူလာ၏ စိတ်ကြွဆေးပြားများ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသည့် မူဟာမတ်အီဆုပ်နှင့် မရော်ဂျီရာဘေဂေါင်၊ ထွက်ပြေး တိမ်းရှောင်နေသည့် ရာမောက်ဒူလာတို့အား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)