ဘိန်းစိမ်း ဂရမ် ၅၀၀၀ ကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ကျော် သိမ်းဆည်းရမိ

Printer-friendly versionSend by email

မိုးမောက် မတ် ၈

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်မြင်ကျေးရွာ (၇ -မိုင်) ၌ ဘိန်းစိမ်း ဂရမ် ၅၀၀၀ ကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၉၂၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၇ ရက် နံနက် ၁ဝနာရီခန့်က မူးယစ်တပ်ဖွဲ့စု (၁)ဗန်းမော်မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်မြေကျေးရွာနေ ဝပ်ရှော့၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြရာဘိန်းစိမ်းဟု ယူဆရသော အညိုရောင်အစေ့ စုစုပေါင်း အလေးချိန် ဂရမ် ၅၀၀၀ကျော်ခန့်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၉၂၀ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ပြီး မိုးမောက်မြို့မ ရဲစခန်းက စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။