စိတ်ကြွဆေးပြား ၄၉၄၀၀ ပြားသိမ်းဆည်းရမိ

Printer-friendly versionSend by email

မတ် ၂၁ ၊၂၀၁၇



မောင်တောမြို့နယ် နယ်မြေ ၆ ရှိ လဘော်ဇား ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မတ် ၂၀ ရက်ညနေ ၃ နာရီခွဲတွင် ဆိုင်ကယ်များဖြင့် အပ်ကျာကျေးရွာအတွင်း နယ်မြေလုံခြုံရေးကင်းလှည့်စဉ် ကျေးရွာ အနောက်ဘက်လယ်ကွင်းအနီး၌ မသင်္ကာသူ ၃ ဦးတွေ့မြင်ရသဖြင့် သွားရောက်စစ်ဆေးရာ အထုပ်တစ်ထုပ် အား ပစ်ချ၍ထွက်ပြေးသွားခဲ့သည်။





လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါအထုပ်အား ကျေးရွာတာဝန်ရှိသူများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးရာ အဝါရောင်တိပ်ဖြင့် ပတ်ထားသည့် အထုပ် ၅ထုပ်အတွင်းမှ စုစုပေါင်း ငွေကျပ် ၉၈၈ သိန်းတန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြား ၄၉၄၀၀ ပြား အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။





ထွက်ပြေးသွားသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။





(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)