ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

Printer-friendly versionSend by email

နေပြည်တော် မေ ၁၀

မူးယစ်တပ်ဖွဲ့စု (၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၉ ရက် က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာ အမှတ်(၉၅)နေ စိုးဝင်း၏ နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၉၀ လက်ကိုင် ဖုန်းတစ်လုံးနှင့် မြန်မာငွေ ၅၇ ဒသမ ၇ သိန်းတို့ကို သိမ်းဆည်းရမိသည်။

အလားတူ ယင်းနေ့က မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေးတောင်ပိုင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းအေးသာစံမြို့နယ် အကွက်အမှတ် (၅၉၂)၊ ၂၈ _၂၉လမ်း နှင့် ၈၂ _ ၈၃ လမ်းကြား၊ မြောက်အိုး ဘိုဗလီဝင်းအတွင်း တိုက်တန်းနေ အောင်ဆန်းထွေး၏ နေအိမ်ခန်းကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၆၆၉ ပြားကိုကိုလည်းကောင်း၊ မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့အထွက် ၄ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခွန်မင်းနောင် မောင်းနှင်လာသည့် Mark-II မော်တော်ယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ မေ ၁၀ ရက်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးလမ်းနေ ဉာဏ်လင်း၏နေအိမ်တိုက်ခန်းကိုရှာဖွေရာ အိုက် ၀ ဒသမ ၈၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား၂၁၆၀၀၀ တို့ကိုသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်နေနိုင်လင်း၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၃၉၉ ပြားကို ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားသည်။