မောင်တောမြို့နယ်၌ မသင်္ကာသူ (၁၁) ဦးဖမ်းမိ

Printer-friendly versionSend by email

ဧပြီ ၁၊ ၂၀၁၇



မောင်တောမြို့နယ် နယ်မြေ(၅) ဒိုးတန်းကျေးရွာ၌ မတ် ၃၁ ရက် ညနေပိုင်းတွင် ငါးခူရနယ်မြေစခန်း လူပျောက်အမှတ်စဉ် ၃/၂၀၁၇ အမှုနှင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ မသင်္ကာ တရားခံများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းခဲ့ရာ မောင်တောမြို့နယ် သိမ်တောင်ကျေးရွာနေ ဆိုင်ကယ်ကယ်ရီမောင်းသူ မာမတ်ဖော်ရီ (၁၉)နှစ် ပါ (၁၃) ဦးအား ဖမ်းဆီးရမိခဲ့သည်။



ဖမ်းဆီးရမိသူများသည် မတ် ၁၂ ရက် ညနေ ၄ နာရီခွဲတွင် မောင်တောမြို့ နယ် စဉ်တောင်ကျေးရွာနေ မာမတ်ရှော်ဖီး (၂၁) နှစ် သည် ရွာမှ ထွက်သွားရာမှ ပြန်လည်ရောက်ရှိလာခြင်းအမှုနှင့် ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် လင်ဘာကုန်းကျေးရွာနေ ဆွေဒူအာမီမှာ လွန်ခဲ့သော ၅ ရက်ခန့်က နံနက် ၆ နာရီက ငါးစာကြူးချောင်း၌ ငါးရှာသွားရာမှ ရွှံ့ဗွက်ထဲတွင် လည်ပင်းလှီးဖြတ် ဒဏ်ရာဖြင့် သေဆုံးနေသော အမှုတို့မှ ပါဝင်ပတ်သက်သူများဖြစ်ကြောင်း သိရသည်



(နိုင်ငံတောင်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)