မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာသား တစ်ဦးပျောက်ဆုံး

Printer-friendly versionSend by email

 

ဧပြီ ၁၇၊၂၀၁၇

 

မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာနေ မာမတ်တာလောင် (ခ) ဇော်လှိုင် (၄၂) နှစ် ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာနေ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ မာမတ်တာလောင် (ခ)ဇော်လှိုင် ၄၂ နှစ်သည် ဧပြီ ၁၆ မနက် ၈ နာရီမိနစ် ၂၀ တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် ဂျက်ချောင်းကျေးရွာသို့ ဖြတ်သန်းသွားစဉ် အမည်မသိ (စိစစ်ဆဲ) လူတစ်စုမှ ဖမ်းဆီး ခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့များက လောင်းဒုံ၊စေတီပြင်၊ ဆင်သေပြင်၊ ငါးစားကြူး၊ ပန်းမြောင်၊ ဂျက်ချောင်းနှင့် မြှာစင်ကျေးရွာများအတွင်း ပိတ်ဆို့ရှာဖွေခြင်း၊ အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း တို့ဆောင်ရွက်ခဲ့ရာ ထူးခြားမှုမရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။