မောင်တောမြို့နယ် ဇင်ပိုင်ညာကျေးရွာလမ်းဆုံ၌ မီးလောင်မှုဖြစ်ပွား

Printer-friendly versionSend by email

 

ဧပြီ ၁၇၊၂၀၁၇

 

မောင်တောမြို့နယ် ဇင်ပိုင်ညာကျေးရွာလမ်းဆုံ၌ ဧပြီ ၁၆ ရက် မွန်းလွဲပိုင်းက ဈေးဆိုင်ခန်း ၁၂ ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

ဖြစ်စဉ်မှာ ဇင်ပိုင်ညာကျေးရွာလမ်းဆုံ၌ ဒိုးတန်းကျေးရွာနေ ဆော်တန်ဟူဆောင်း (၂၅)နှစ်ဖွင့်လှစ်ထား သည့်စက်သုံးဆီအရောင်းဆိုင်၌် ဆော်တန်ဟူဆောင်းသည် ဆေးလိပ်သောက်ရာမီးပွားမှတစ်ဆင့် ဆီဘူးအားမီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၁၂ ခန်း မီးလောင်ဆုံးရှုံးခဲ့ရာ တန်ဖိုးငွေ ၂၄၀၀၀ဝ ကျပ်ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ ဆော်တန်ဟူဆောင်းအား နယ်မြေစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။