ဒုတ် ဓားဖြင့်ခြိမ်းခြောက်၍ငွေများလုယူ

Printer-friendly versionSend by email

 

ဧပြီ ၁၄၊၂၀၁၇

 

မောင်တောမြို့နယ် တူလာတူလီတောင်ကျေးရွာနေ ဆွေယော့တာလောင်သည် ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းတွင် မိသားစုနှင့်အတူအိမ်၌ ထိုင်နေစဉ် ခေါင်းမှခါးအထိမျက်နှာဖုံးစွပ်ထားသည့် အမည်မသိ စိစစ်ဆဲအမျိုးသားတစ်ဦးသည် ဒုတ်ဓားများကိုင်ဆောင်၍ဝင်လာပြီး ဆွေယော့တာလောင်အား ခေါင်းငုံ့ထာရန် ခြိမ်းခြောက်ပြောကြားပြီး အိမ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ ငွေကျပ် ၄၃၀၀၀၀ အား ယူဆောင်ခံရမှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆွေယော့တာလောင်က ဧပြီ ၁၂ ရက်မွန်းလွဲပိုင်းတွင် ကြိမ်ချောင်း နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ပြီး အမည်မသိအမျိုးသားတစ်ဦးအား ဖမ်းဆီးဖော်ထုတ်နိုင်ရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။