လက်လုပ်မိုင်း ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား( ၂ )ဦးသေဆုံးသည့် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေး ရှင်းလင်းမှုများ ဆောင်ရွက်

Printer-friendly versionSend by email

မေ ၈၊၂၀၁၇



ဘူးသီးတောင်မြို့နယ် သဲနီကျေးရွာအနောက်ဘက် တောစပ်အနီး၌ မေ ၄ ရက် ညနေ ၅နာရီ မိနစ်၅၀ တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသား၂ ဦးသေဆုံးကာ အမျိုးသား ၃ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများအရ စုံစမ်းသိရှိရသည်။



ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် သတင်းရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၅ ရက်နေ့မှစတင်၍ စစ်ဆေး ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့သည်။



ထိုသို့ ရှင်းလင်းရာတွင် မေ ၇ ရက်နေ့မွန်းလွဲပိုင်းတွင် သဲနီကျေးရွာ အနောက်ဘက် တောစပ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာ၌ ပလပ်စတစ်ဖြင့် ထည့်ထားသည့် ယမ်း၊ ကန့်၊မီးသွေးမှုန့် အသင့်ရောစပ်ထားသော ၅ပြည်ခန့်ရှိ အထုပ် ၁ ထုပ်၊ လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုမည့် မီးသွေး၊ယမ်းမှုန့် ၂ ထုပ်၊ ကားပစ္စတင်ခွံ ၁၀ ခု၊ မိုးကာမြေယာခင်း ၅ချပ်၊ မီးလောင်ထားသည့် ရှပ်အကျီႋ ၁ ထည်နှင့် မိုးကာစ ၁ ချပ်၊ခြင်ထောင် ၄ လုံး၊ စောင် ၂ထည် တို့အား သိမ်းဆည်းရမိ ခဲ့ပြီး ရှင်းလင်းထားသည့်မြေနေရာ ၂ နေရာ ကိုလည်းတွေ့ရှိခဲ့ကြောင်း သိရသည်။



မြေပြင်သတင်းများအရ ဆာကိုင်းကျေးရွာနေ နိုအာလောင် အပါအင် (၂)ဦး သေဆုံးခဲ့ပြီး တင်းမေကျေးရွာနေ ရှောင်ရှူးအာလောင် အပါအဝင် (၃)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတို့မှာ တောစပ်အတွင်း လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။



လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်လုပ်မိုင်း ပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံးသူ၊ ဒဏ်ရာရှိသူများနှင့် ပါဝင်ပတ်သက်သူများအား ဆက်လက် စုံစမ်းရှာဖွေလျက် ရှိကြောင်း သိရသည်။





(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)