မောင်တောမြို့နယ်အတွင်း ဓားပြအဖွဲ့ဝင် ၁ ဦးအား လုပ်သေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိ

Printer-friendly versionSend by email

မေ ၉၊၂၀၁၇



သဝန်ချောင်း၊ ဂွဆုံနှင့်ဆူရာလီကျေးရွာများအတွင်း အပြစ်မဲ့ရွာသားများအား သတ်ဖြတ်လျက်ရှိသော ဓါးပြခေါင်းဆောင် အဒူရာကိန်း၏အဖွဲ့မှ သဝန်ချောင်းကျေးရွာနေ အဒူရာ ၅၀ နှစ်ပါ ၃ ဦးသည် မေ ၈ ရက် ည ၉ နာရီခန့်တွင် ဆူရာလီရွာသို့ အရှေ့ဘက်မှဝင်ရောက်ခဲ့စဉ် ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ အဒူရာအား လုပ်သေနတ် ၁ လက် (ကျည်မပါ) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။



ဝိုင်းဝန်းဖမ်းဆီးစဉ် အဒူရာတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိသဖြင့်မေ ၉ ရက်နံနက်၁၀ နာရီတွင်မောင်တောဆေးရုံသို့တင်ပို့ခဲ့ပြီး ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။





(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)