အပြည်​ပြည်​ဆိုင်​ရာကြက်​​ခြေနီ​ကော်​မတီ ICRC ဥက္ကဋ္ဌနှင်​့အဖွဲ့ သက္ကယ်​ပြင်​၊ဆင်​တက်​​မော်​ ကယ်​ဆယ်​​ရေးစခန်​းများသွား​ရောက်​​လေ့လာ

Printer-friendly versionSend by email

မေ ၁၁၊၂၀၁၇



အပြည်​ပြည်​ဆိုင်​ရာကြက်​​ခြေနီ​ကော်​မတီ ICRC ဥက္ကဋ္ဌ Mr.Peter Maurerနှင်​့ အဖွဲ့ သည်​ ​မေ ၉ ရက်​မွန်​းလွဲပိုင်​းတွင်​စစ်​​တွေမြို့သို့​ရောက်​ရှိကြသည်​။



ICRC ဥက္ကဋ္ဌနှင်​့အဖွဲ့သည်​ စစ်​​တွေမြို့နယ်​ သက္ကယ်​ပြင်​ကယ်​ဆယ်​​ရေးစခန်​းရှိ​နေထိုင်​သူများနှင်​့​တွေ့ဆုံ၍ စားဝတ်​​နေ​ရေး၊ကျန်​းမာ​ရေး၊ပညာ​ရေး အ​ခြေအ​နေများအား​မေးမြန်​းကာ စခန်​းအတွင်​းလှည်​့လည်​ကြည်​့ရှုလေ့လာကြသည်​။



ည​နေပိုင်​းတွင်​ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့ရုံး၌ ပြည်​နယ်​ဝန်​ကြီးချုပ်​နှင်​့​တွေ့ဆုံပြီး ICRC နှင်​့ပတ်​သက်​သည်​့ လုပ်​ငန်​းဆိုင်​ရာများကို​ဆွေး​နွေးခဲ့ကြသည်​။



မေ ၁၀ ရက်​နံနက်​ပိုင်​းတွင်​ ICRCဥက္ကဋ္ဌနှင်​့အဖွဲ့ဝင်​များသည်​ ​ပေါက်​​တောမြို့နယ်​ ဆင်​တက်​​ မော်​ ကယ်​ဆယ်​​ရေးစခန်​းသို့​ရောက်​ရှိကြပြီး စခန်​းတာဝန်​ခံ အဒူ​ကော်​ရိန်​(ခ)ခင်​​မောင်​လှပါ ၁၀ ဦးနှင်​့​တွေ့ဆုံ၍ လျှပ်​စစ်​မီးရရှိမှု၊ လူမှု​ရေး၊ကျန်​းမာ​ရေးအ​ခြေအ​နေများအား​ မေးမြန်​းကာ စခန်​းအတွင်​းလှည်​့လည်​ကြည်​့ရှုသည်။



ထို့​နောက်​ ဆင်​တက်​​မော်​​ကျေးရွာ​ဆေးခန်​း၌ အုပ်​ချုပ်​​ရေးမှုး ဦးထွန်​းလှိုင်​ပါ ရွာသူရွာသား ၁၇ ဦးနှင်​့​တွေ့ဆုံ၍ ကျန်​းမာ​ရေးပညာ​ပေးသင်​တန်​းဖွင်​့လှစ်​​ပေးမည်​့အစီအစဉ်​များအား​ဆွေး​နွေးပြီး မွန်​းလွဲပိုင်​းတွင်​ စစ်​​တွေမြို့မှ ရန်​ကုန်​မြို့သို့ ပြန်​လည်​ထွက်​ခွာသွား​ကြောင်​းသိရသည်​။



 

 





(နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးသတင်​းထုတ်​ပြန်​​ရေး​ကော်​မတီ)