သံတွဲမြို့နယ်​၌ စက်​​လှေတစ်​စီးနစ်​မြုပ်​

Printer-friendly versionSend by email

မေ၁၂၊၂၀၁၇



သံတွဲမြို့နယ်​ စလူကျွန်​း​ကျေးရွာ အ​နောက်​ဖက်​၂မိုင်​ခန့်အကွာ ဘင်္ဂလားပင်​လယ်​​အော်​တွင်​ ​မေ ၁၁ ရက်​နံနက်​ ၁၀ နာရီက စက်​​လှေတစ်​စီးနစ်​မြုပ်​၍ စက်​​လှေ​ပေါ်ပါ နွားအချို့မှာ လွတ်​​မြောက်​ပြီး စလူကျွန်း​ကျေးရွာအနီး​ရောက်​ရှိ​နေ​ကြောင်းသတင်းအရ ​ကျောက်​ကြီးနယ်​​မြေစခန်းမှ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များတွင်​ သွား​ရောက်​စစ်​​ဆေးခဲ့ရာ ပင်​လယ်​ကမ်းစပ်​တွင်​ နွားအထီး ၅ ​ကောင်​အား ပိုင်​ရှင်​မဲ့သိမ်းဆည်းခဲ့သည်​။

နစ်​မြုပ်​သွားသည့် စက်​​လှေနှင့်ပတ်​သက်​၍ စုံစမ်းလျက်​ရှိ​ကြောင်းသိရသည်​။



 

(နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးသတင်​းထုတ်​ပြန်​​ရေး​ကော်​မတီ)