ပြောင်ပိုက်ရွာ၌ မီးလောင်မှုဖြစ်ပွား

Printer-friendly versionSend by email

မေ၁၅၊၂၀၁၇



မောင်တောမြို့နယ် ပြောင်ပိုက်ကျေးရွာနေ နူရ်ရာရှိမ်း ၃၅ နှစ်သည် မေ ၁၃ ရက် ည၈ နာရီ မိနစ် ၂၀ တွင် နေအိမ်၌ မိသားစုနှင့်အတူ ထမင်းစားနေစဉ် မီးခွက်မှောက်ကျရာမှ ၎င်း၏နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့သည်။



မီးလောင်မှုကြောင့် သက္ကယ်မိုး၊ ထရံကာ၊မြေစိုက်နေအိမ် ၁ လုံးမီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ် ၃၀၀၀၀ ဆုံးရှုံးခဲ့ကြောင်းသိရသည်။



နူရ်ရာရှိမ်းအား မီးပေါ့ဆမှုဖြင့် ငါးခူရနယ်မြေစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)