မောင်တောမြို့နယ်တွင် ငါးဖမ်းလှေတစ်စီးနှင့် မသင်္ကာသူ(၄)ဦး ဖမ်းဆီးရမိ

Printer-friendly versionSend by email

 

မေ ၁၆၊၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငါးဖမ်းလှေတစ်စီးနှင့် မသင်္ကာသူ(၄)ဦး ဖမ်းဆီးရမိ ကြောင်းသိရသည်။



မောင်တောမြို့နယ် နယ်မြေ(၅)၊ ရေတွင်းကျွန်း ရွက်ညိုတောင်ချောင်း၀ ကင်းစခန်းနှင့် ရေတွင်း ကျွန်းချောင်း၀ ကင်းစခန်းကြား နယ်မြေစပ်ခြံစည်းရိုးအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေ ၁၅ ရက် နံနက် ၁ နာရီခွဲက ငါးဖမ်းလှေတစ်စီးနှင့် လှေပေါ်ပါသူ မောင်တောမြို့နယ် အောက်ပြူးမ ကျေးရွာနေ မိုဟာမတ်ဖေရုပ် ပါ မသင်္ကာသူ(၄)ဦးအား ဖမ်းဆီးရမိသည်။



ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာက ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ အား ဖောက်ဖျက်မှုဖြင့် အရေးယူသွားရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)