ပေါက်တောမြို့၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

Printer-friendly versionSend by email

မေ ၁၇၊၂၀၁၇

မေ ၁၇ ရက် နံနက် ၈ နာရီခွဲက ပေါက်တောမြို့နယ် ရပ်ကွက် ၃ ရှိ စက်သုံးဆီ နှင့် ကုန်စုံရောင်းချသောဆိုင်မှစတင်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရပ်ကွက် ၃ တွင် ဖွင့်လှစ်ထားသော ဦးနိုင်နိုင်ထွန်း၏ စက်သုံးဆီနှင့် ကုန်စုံ ရောင်းချသော ဈေးဆိုင်အတွင်း ဈေးဝယ်လာသူများက စွန့်ပစ်ခဲ့သော ဆေးလိပ်မီးမှ တစ်ဆင့် ဓာတ်ဆီပုံးများသို့ မီးကူးစက်လောင်ကျွမ်းရာမှ စတင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် လူနေဈေးဆိုင်ခန်း ၁၄ ခန်း မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁ ဦး မီးလောင် ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူများအား ပေါက်တောဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ်သိန်း ၁၅၀ ခန့်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

 မီးလောင်မှုနှင့် ပတ်သက်၍ ပေါက်တောမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)