စိတ်ကြွဆေးပြား ၁၉၈၅၀ပြားသိမ်းဆည်းရမိ

Printer-friendly versionSend by email

 

ဇူလိုင် ၃၀ ၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၉ ရက် နံနက် ၁ နာရီ ၅၅ မိနစ်တွင် မောင်တောမြို့နယ် နတ်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် စံပယ်ပင်ရင်းချောင်းဝ၌ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်သို့သွားနေသည့် လက်ခတ်လှေ ၁ စီးအားတွေ့ရှိ၍ လိုက်လံဖမ်းဆီးခဲ့ရသည်။

ဖမ်းဆီးရမိ လှေအားစစ်ဆေးရာ နီလာဝါးပြင်မြို့နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဂျာနီအာလောင် ပါ၂ ဦး နှင့်အတူ ငွေကျပ် ၃၉၇သိန်း တန်ဖိုးရှိ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၁၉၈၅၀ ပြားနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံသုံး လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံ ဂျာနီအာလောင်ပါ ၂ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူထားပြီး တစ်ဘက်နိုင်ငံ တာဝန်ရှိသူများအား အကြောင်းကြားရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)