ရသေ့တောင်မြို့နယ်တွင် အကြမ်းဖက်သင်တန်းတက်ရောက်ပြီးသူ ၁ ဦး ဖမ်းဆီးရမိ

Printer-friendly versionSend by email

 

ဇူလိုင် ၃၁၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင်၂၇ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရသေ့တောင်မြို့နယ်၊ အထက်နန်းရာ ကျေးရွာအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်ပြီး လူစိမ်းများ ရောက်ရှိနေထိုင်မှုရှိ/မရှိ စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးစဉ် မသင်္ကာဖွယ်ရာ တွေ့ရှိသော အထက်နန်းရာကျေးရွာနေ အန်နာတူလာ ၂၅ နှစ် အား ရသေ့တောင်မြို့နယ်၊ စေတီပြင်ရဲစခန်းသို့ ခေါ်ယူစစ်ဆေးချက်အရ အန်နာတူလာသည် လွန်ခဲ့သော တစ်လခန့်က မေယုတောင်ကြောပေါ်တွင် အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)