ပန်းရောင်စိတ်ကြွဆေးပြား ၄၇၅၂၀၀ပြားပိုင်ရှင်မဲ့သိမ်းဆည်းရမိ

Printer-friendly versionSend by email

ဩဂုတ် ၁၅ ၊၂၀၁၇

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၄ ရက် ညပိုင်းက ဘူးသီးတောင်-မောင်တောသွား ကားလမ်းဟောင်းဘေး လှိုဏ်ဂူငယ်အတွင်း ရေမြောင်းထဲမှ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိခဲ့သည်။

 

မောင်တော ၆ မိုင် စစ်ဆေးရေးဂိတ်မှ တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၄ ရက် ည ၈ နာရီတွင်သတင်းအရ ဘူးသီးတောင်-မောင်တောသွား ကားလမ်းဟောင်း ဘေး လှိုဏ်ဂူငယ်အတွင်းရှိ ညာဖက်ရေမြောင်းထဲမှ ပုဆိုး ၁ ထည်နှင့်အတူ ဆာလာအိတ် ၃ အိတ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ ဆာလာအိတ် ၃ အိတ်အား ဖွင့်ဖောက်စစ်ဆေးရာ WYစာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၉၉၀၀ ပြားစီပါ အထုပ် ၄၈ ထုပ် အတွင်းမှ ငွေကျပ် ၉၅၀၄ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၇၅၂၀၀ ပြားကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

 

တရားခံများ စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေး တောင်ဘဇာနယ်မြေစခန်း၌ အမှုဖွင့်စုံစမ်းလျက် ရှိကြောင်း သိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)