ရွာသစ်ကေရပ်ကွက် အရှေ့ရွာသား ၁ ဦးထံမှဓားရှည်/သံချွန်နှင့် စစ်ဝတ်တန်ဆာပစ္စည်းများအား တွေ့ရှိ သိမ်းဆည်း အရေးယူ

Printer-friendly versionSend by email

ဩဂုတ် ၂၂၊၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မောင်တောမြို့နယ် ရွာသစ်ကေရပ်ကွက် အရှေ့ရွာနေ လက်သမား ဟာမစ်တူဆောင်း(၂၅)နှစ် (ဖ)နာဇီဟူဆောင်း၏ နေအိမ် အား သတင်းအရ ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့ ရှာဖွေစဉ် နေအိမ် အိပ်ခန်းအတွင်းမှဓားကောက် အရှည်(၃)ချောင်း၊ ဓားဦးချွန်(၁)ချောင်း၊ သစ်သားလက်ကိုင်ရိုးတပ် အရှည်(၂)ပေခန့်ရှိ သံဆူးချွန်(၂) ချောင်း၊ သစ်သားတုတ်(၁)ချောင်း၊ အနက် ရောင်ဂျာစီအင်္ကျီ(၁)ထည်၊ နက်ပြာရောင် ဘောင်းဘီတို(၂) ထည်၊ တောစီးလည်ရှည် စစ်ဖိနပ်(၁) ရံ၊ ခြေအိတ်(၁)စုံ နှင့် စစ်သုံးဒန်သောက်ရေ ဗူးခွံ(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသည့် ဟာမစ်တူဆောင်းအား မောင်တောမြို့မရဲစခန်း၌ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ )