[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း- ၄၀] အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်သူအား ဖမ်းဆည်းရမိ၊ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများမှ နေအိမ် များအား မီးရှို့

Printer-friendly versionSend by email

နေပြည်တော် စက်တင်ဘာ ၉

 

အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိထားသည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဆင်အိုးပြင်ကျေးရွာ၌ ပုန်းခိုနေထိုင်လျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရရှိသဖြင့် စက်တင်ဘာ ၇ ရက် ည ၇ နာရီခွဲတွင် ဝင်ရောက်စစ်ဆေးရာ အဘူဂေါ်ဘူ (၂၃ နှစ်) (ဘ) မီရာလောက်အား ဝဲဘက်ခြေမျက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိ၍ ဆေးဝါးကုသပေးပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း သိရသည်။

 

၎င်းမှာ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၇ ရက်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လူအုပ်စုဖြင့် အကြမ်းဖက်တိုက်ခိုက်ရာတွင် ဓားရှည်ဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရှင်းလင်းစဉ် သေနတ်ကျည်ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။

 

ရသေ့တောင်မြို့နယ်၊ အထက်နန်းရာကျေးရွာအုပ်စုရှိ အထက်နန်းရာကျေးရွာ၊ အောက်နန်းရွာ ကျေးရွာအုပ်စုရှိ အောက်နန်းရွာကျေးရွာ၊ ပေါက်ပင်ရင်းကျေးရွာအုပ်စုရှိ သံဒူကျေးရွာတို့မှ နေအိမ်များ စက်တင်ဘာ ၈ရက်နေ့ ညနေ၃နာရီခွဲတွင် မီးလောင်နေကြောင်း ကြားသိရသဖြင့် နယ်မြေလုံခြုံရေးနှင့် လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါကျေးရွာများသို့ သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရသည်။

 

အထက်နန်းကျေးရွာတွင် အိမ်ခြေ ၁၈၁ အိမ်၊ လူဦးရေ ၁၆၈၇ ဦး၊ အောက်နန်းကျေးရွာတွင် အိမ်ခြေ ၃၉၂ အိမ်၊ လူဦးရေ ၃၉၁၄ဦး၊ သံဒူ ကျေးရွာတွင် အိမ်ခြေ ၄၂ အိမ်၊ လူဦးရေ ၃၄၂ ဦး ရှိကြောင်း သိရသည်။

 

အလားတူ ရသေ့တောင်မြို့နယ်၊ အထက်နန်းကျေးရွာအုပ်စုရှိ နီလင်ပေါ်ရွာနှင့် ပြိုင်းတောင်ရွာ၊ ပေါက်ပင်ရင်းကျေးရွာအုပ်စုရှိ ဘဲလာမိရွာနှင့် အဒူရွာတို့မှာ စက်တင်ဘာ၈ရက်က မီးလောင်နေကြောင်း ကြားသိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်းဆေးခဲ့ကြောင်း သိရသည်။

 

နီလင်ပေါ်ရွာတွင် အိမ်ခြေအလုံး ၁၄၀နှင့် လူဦးရေ ၈၉၄ဦး၊ ပြိုင်းတောင်ရွာတွင် အိမ်ခြေ ၉၉လုံး နှင့် လူဦးရေ ၅၁၉ဦး၊ ဘဲလားမိရွာတွင် အိမ်ခြေ ၁၂၆လုံးနှင့် လူဦးရေ ၉၃၅ဦး၊ အဒူရွာတွင် အိမ်ခြေ ၆၁လုံးနှင့် လူဦးရေ ၄၃၃ဦး ရှိကြောင်း သိရသည်။

 

(သတင်းထုတ်ပြန်ရေးကော်မတီ)