[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း- ၄၁] အကြမ်းဖက်မှုတွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီအားပေးခြင်း၊ ထောက်ပံ့ပေးခြင်းများမပြုလုပ်ရန်နှင့် နေအိမ်များ၊ ပစ္စည်းများ မီးရှို့ဖျက်စီးခြင်း မပြုလုပ်ကြရန် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တိုက်တွန်းသည့်

Printer-friendly versionSend by email

နေပြည်တော် စက်တင်ဘာ ၉

 

မောင်တောဒေသအတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် အလွန်အရေးကြီးသည့် အချိန်ကာလဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် အကြမ်းဖက်မှုတွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီ အားပေးခြင်း၊ ထောက်ပံ့ပေးခြင်းများ မပြုလုပ်ရန်၊ နေအိမ်များ၊ ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်ကြရန် ၊ မီးလောင်ပြင်ဧရိယာများအတွင်းရှိ ပစ္စည်းများအား လုယက်ခြင်း၊ ဖောက်ထွင်းခြင်း၊ ခိုးယူခြင်း၊ ဖျက်ဆီး ခြင်းများမပြုလုပ်ရန်၊ ဒုတ်၊ ဓား၊ လက်နက်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ အစသည့်လူကို အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများအား လက်ဝယ်တွင် ကိုင်ဆောင်ခြင်း၊ ထားသိုခြင်း၊ အသုံးပြုခြင်းမပြု လုပ်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးအခြေအနေအရ မသွားရန် သတ်မှတ်ထားသော နေရာများသို့ ဝင်၊ ထွက်သွားလာခြင်း မပြုလုပ်ကြရန် မောင်တောခရိုင် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၉) ရက် ရက်စွဲပါ အမိန့်အမှတ် (၃/၂၀၁၇) ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

 

ထို့ပြင် ယင်းအမိန့်တွင် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အဟန့်အတားဖြစ်စေသော ပြစ်မှုကျူးလွန်သူများကိုလည်း ဥပဒေအရ ထိရောက်စွာအရေးယူခြင်း၊ ပစ်ခတ်ထိန်းသိမ်းခြင်းများပြုလုပ်မည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို လေးစာလိုက်နာခြင်းအားဖြင့် မောင်တောဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတို့အတွက် ပူးပေါင်း ပါဝင်ကူညီကြရန်လည်း တိုက်တွန်း ထားသည်။

 

အဆိုပါအမိန့်နှင့်စပ်လျဉ်းပြီး မောင်တောခရိုင်အတွင်း နေထိုင်သူများ သိရှိစေရန် အသိပေးခြင်းများကို တာဝန်ရှိသူများက မောင်တောဒေသ၌ ပြုလုပ်သွားမည်ဖြစ်သည်။ အကြမ်းဖက်မှုတွင် ပူးပေါင်းပါဝင်ခြင်း၊ ကူညီအားပေးခြင်း၊ ထောက်ပံ့ပေးခြင်း၊ နေအိမ်များနှင့် ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း၊ မီးလောင်ပြင် ဧရိယာများ အတွင်းရှိ ပစ္စည်းများအား လုယက်ခြင်း၊ ဖောက်ထွင်းခြင်း၊ ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ ဒုတ်၊ ဓား၊ လက်နက်များ၊ ပေါက်ကွဲစေတတ်သောပစ္စည်းများကိုင်ဆောင် ထားခြင်း စသည်တို့ကို သတင်းကြားသည် ဖြစ်စေ၊ လူကိုယ်တိုင် တွေ့ရှိသည်ဖြစ်စေ မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လုံခြုံရေး တပ်ဖွဲ့များထံ တာဝန်သိ ပြည်သူများ အနေဖြင့် ဆက်သွယ်သတင်းပေးပို့ ကြပါရန် အသိပေး တိုက်တွန်း အပ်ပါသည်။

 

(သတင်းထုတ်ပြန်ရေးကော်မတီ)