[ARSA အစွန်းရောက်အကြမ်းဖက်သမားသတင်း ၄၄] လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများအတွက်အလှူငွေနှင့် စားနပ်ရိက္ခာများထောက်ပံ့လှုဒါန်း၊ ရသေ့တောင်မြို့နယ်အတွင်း ဒေသန္တရအမိန့် ထုတ်ပြန်

Printer-friendly versionSend by email

စက်တင်ဘာ ၁၀၊၂၀၁၇

 

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စန့်ခွာလာ ကြသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် အလှူငွေ၊ စားနပ်ရိက္ခာနှင့် အသုံးဆောင်ပစ္စည်း များကို စစ်တွေမြို့သို့ လာရောက် ထောက်ပံ့လှူဒါန်းကြသည်။

 

အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့သည် စက်တင်ဘာ ၈ ရက်က စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ခန်းမ၌ မောင်တောဒေသတွင် တာဝန်ထမ်း ဆောင်နေကြသော လုံခြုံရေးဝန်ထမ်းများ၊ ဌာနဆ်ိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူ များအတွက် အလှူငွေကျပ် သိ်န်း ၂၀ နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ် လှူဒါန်း ခဲ့ရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးက လက်ခံရယူသည်။

 

ထို့နောက် စစ်တွေမြို့ရှိ မဏိရတနာကျောင်းတိုက်တွင် နေရပ်စန့်ခွာ၍ ယာယီခိုလှုံနေကြသည့် တိုင်းရင်းသားပြည်သူ အိမ်ထောင်စု ၉၆ စုမှ လူဦးရေ ၃၁၃ ဦးတို့ အတွက် စားနပ်ရိက္ခာများ အဝတ်အထည်အသုံးအဆောင်ပစ္စည်းများနှင့် တစ်နေ့ တာ စားသောက်စရိတ် ကုန်ကျငွေကျပ် ငါးသိန်းကို ထောက်ပံ့လှူဒါန်းပြီး ခင်ပွန်းသည် သေဆုံးသည့် အမျိုးသမီးများ၊ မိသားစုဝင်များသေဆုံးပြီး တစ်ဦးတည်း ကျန်ရစ်ခဲ့သည့် အမျိုးသမီးငယ်နှစ်ဦးနှင့် သားနှစ်ဦးစလုံးသေဆုံးပြီး ကျန်ရစ်ခဲ့သည့် မိခင်တို့အတွက် ထောက်ပံ့ငွေ ငါးသိန်းတို့ကို ပေးအပ်လှူဒါန်းသည်။

 

�မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ယနေ့တွင် ဘူးသီးတောင်မြို့ရှိ နေရပ်စန့်ခွာလာကြသူ တိုင်းရင်းသား ပြည်သူများ နေထိုင်ရာ ယာယီစခန်းများသို့ သွားရောက်ပြီး အလှူငွေနှင့် စားနပ်ရိက္ခာထောက်ပံ့ လှူဒါန်းကြသည်။

 

ဘူးသီးတောင်မြို့နယ် နယ်မြေ (၁၀) စေတီပြင်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သပြေတော ကျေးရွာသို့ နယ်မြေရှင်းလင်းရန် သွားရောက်စဉ် ကျေးရွာအတွင်းရှိ နေအိမ် ၂၃၄ လုံး၊ မီးလောင်ကျွမ်းနေပြီး ရွာသူရွာသားများမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဖိုး သိန်း(၁၂၀) ခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

 

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ရသေ့တောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာ ၁၀ ရက်(ယနေ့)ရက်စွဲဖြင့် ဒေသန္တရအမိန့်(၁/၂၀၁၇)ကို မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာသည်။

 

အဆိုပါ ဒေသန္တရအမိန့်တွင် ရသေ့တောင်မြို့နယ်အတွင်း အကြမ်းဖက်ရန် ရည်ရွယ်ချက် ဖြင့် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ခြင်း၊ ပေါက်ကွဲအန္တရယ်ဖြစ်စေနိုင်သော ပစ္စည်းများ ကိုင်ဆောင်ခြင်း၊ စုဆောင်းခြင်း၊ တိုက်ခိုက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်စီးခြင်း၊ ဝင်ရောက် လုယက်ခြင်း၊ ဆူပှုမှုဖြစ်စေမည့် မမှန်သတင်းများ ထုတ်လွှင့်ခြင်းများ မပြုလုပ်ကြစေရန်နှင့် ထိုသို့ ပြုလုပ်ရန် သတင်းရရှိပါက ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင် ရာလုံခြုံရေးတပ်ဖွဲ့များသို့ အမြန်ဆုံးသတင်းပေးပို့ကြရန် ပါရှိသည်။

 

ထို့ပြင် မြို့နယ်အတွင်း အကြမ်းဖက်ရန် ရည်ရွယ်ချက်ဖြင့် တားမြစ်ချက်များကို ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာဟန့်တားခြင်း၊ အရေးယူခြင်း များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်ဟု စသည့်ဖြင့် ဖော်ပြပါရှိသည်။

 

တောင်ပြိုလက်ဝဲမြို့နယ်ရှိ နံသာတောင်ပရဟိတ ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ ၂၅၅ဦး၊ ဆရာ၊ဆရာမ ၇ ဦး၊ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်း၃ ဦး ၊ရွာသူရွာသား ၁၀၁ဦး စုစုပေါင်း ၃၆၆ ဦးအား တပ်မတော်မော်တော်ယာဉ် ၆ စီးနှင့် အရပ်ဘက် မော်တော်ယာဉ် ၁ စီး တို့ဖြင့် မောင်တောမြို့သို့ ပို့ဆောင်ပေးခဲ့ရာ မောင်တောမြို့မဘုန်းတော်ကြီးကျောင်းသို့ ညနေ ၅ နာရီခွဲအချိန်ရောက်ရှိကြောင်း သိရသည်။

 

(သတင်းထုတ်ပြန်ရေးကော်မတီ)