[ARSA အစွန်းရောက်အကြမ်းဖက်သမားသတင်း- ၄၆]

Printer-friendly versionSend by email

စက်တင်ဘာ ၁၁၊ ၂၀၁၇

 

ခိုးထွက်သူ တစ်ဦးအား လုံခြုံရေးရဲကင်းမှ ထိန်းသိမ်းခဲ့

 

စက်တင်ဘာ ၁၀ ရက်နေ့က စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်နေသူ တစ်ဦးသည် သတ်မှတ်နေရာ မှ ခိုးထွက်၍ ဈေးသွားဝယ်ရာမှ ဒေသခံတိုင်းရင်းသားများက ဝိုင်းဖမ်းစဉ် ကြည့်ရှုသူများဖြင့် လူအုပ်စု ဖြစ်ပေါ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းခဲ့ရကြောင်းသိရသည်။

 

ဖြစ်စဉ်မှာ အောင်မင်္ဂလာရပ်ကွက် နေသူ အီစွတ် (ခ) ပိုင်ပြည့်စုံသည် ရပ်ကွက် အတွင်းမှ စက်ဘီးဖြင့် ခိုးထွက်၍ ဈေးသွားဝယ်ရာ ဒေသခံတိုင်းရင်းသား ၃ ဦးက တွေ့ရှိပြီး ဝိုင်းဝန်းဖမ်းဆီးသဖြင့် ၎င်းအား မာရာကန် ရဲကင်းမှ ထိန်းသိမ်းထားစဉ် ဒေသခံတိုင်းရင်းသားများက လာရောက်ဝိုင်းအုံကြည့်ရှုရာ လူအုပ်စု အင်အား ၃၀ ခန့် ဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းခဲ့ရကြောင်း၊ အီစွတ် (ခ) ပိုင်ပြည့်စုံ အား ရပ်မိရပ်ဖများထံ ပြန်လည်အပ်နှံခဲ့ကြောင်းသိရသည်။

 

ယမ်းမှုန့် များထည့်ထားသည့် ပလပ်စတစ်ဗူး ၂ ဗူး တွေ့ရှိ

 

စက်တင်ဘာ ၁၁ ရက်နေ့ ၊ နံနက် ၃ နာရီခွဲ ခန့်တွင် မြင်းပြားမြို့နယ် သင်္ဂဇာကျေးရွာရှိ ဦးညန့်သာအောင်၏ နေအိမ်အမိုးပေါ်တွင် ္ မီးစတစ်ခုအား တွေ့ရှိခဲ့သည်။

 

အဆိုပါ နေရာအား သံရှင် ရဲကင်းစခန်းမှူး နှင့် ရာအိမ်မှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ကြည့်ရှုခဲ့ရာ နေအိမ်ခေါင်မိုးပေါ်မှ အရှည် ၂ လက်မခန့်ရှိ အစိမ်းတစ်ပိုင်း၊ အနီတစ်ပိုင်း ပလပ်စတစ် ဗူး၏ ထိပ်ပိုင်းတွင် စနက်တံ တပ်ဆင်ကာ ဗူးထဲ၌ ယမ်းမှုန့်များ ထည့်ထားသည့် ဗူး ၂ ဗူး ကို တွေ့ရှိရ သဖြင့် သိမ်းဆည်းခဲ့သည်။

 

သိမ်းဆည်းရမိသည့် ဗူး ၂ ဗူးအား ပေါက်ကွဲစေနိုင်သော၊ မီးလောင်စေနိုင်သော လက်လုပ်ဗုံး ဟုတ်မဟုတ် စိစစ်ခဲ့ရာ မီးလောင်လွယ်အောင် ပြုလုပ်ထားသည့် ပစ္စည်းဖြစ်ကြောင်း သိရသည်။

 

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ ဆေးရုံသို့ လူသေလောင်းတစ်လောင်း ရောက်ရှိ

 

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ဆေးရုံသို့ စက်တင်ဘာ ၁၀ ရက် ၊ နံနက် ၆ နာရီက လူသေလောင်း တစ်လောင်း ရောက်ရှိလာကြောင်း သိရသည်။

 

တောင်ပြိုလက်ဝဲမြို့ ဆေးရုံသို့ လူသေလောင်းတစ်လောင်း ရောက်ရှိလာသဖြင့် နယ်မြေရဲစခန်းမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ တောင်ပြိုလက်ဝဲ (၁)ရပ်ကွက်နေသူ ဘတ်တာယ်(ခ) ဒီမာမောက် (၄၉)နှစ်ဖြစ်ကြောင်း သိရသည်။

 

၎င်းသည် ဩဂုတ်လ ၂၆ ရက် ညနေ ၄ နာရီ မိနစ် ၄၀ က တောင်ပြိုလက်ဝဲမြို့ (၂)ရပ်ကွက် အတွင်း အကြမ်းဖက်သမား (၃)ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက် ရှာဖွေစဉ် ARSA အစွန်းရောက်အကြမ်းဖက်သမား ၃ ဦးက သေနတ်ဖြင့် စတင်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းပစ်ခတ်ရာမှ သေနတ်ထိမှန်ခဲ့သော ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ကျီးကျွန်း ရဲကင်းစခန်း၌ လောင်းလှေ (၂) စီးနှင့် လှေပေါ်ပါ မသင်္ကာသူများအား ဖမ်းဆီးထိန်းသိမ်း

 

မောင်တောမြို့နယ်၊ ကျီးကျွန်း ရဲကင်းစခန်း၌ လောင်းလှေ (၂) စီးနှင့် လှေပေါ်ပါရှိသူ အလောင်းတစ်လောင်းနှင့် လူ ၁၆ ဦးအား စက်တင်ဘာ ၁၀ ရက်နေ့ ၁ နာရီ ၁၅ မိနစ်က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

 

ကျီးကျွန်းရဲကင်းစခန်း နယ်မြေတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကင်းလှည့်ဆောင်ရွက်နေစဉ် စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က အလယ်ချောင်းအတ်ိုင်း တောင်ဘက်မှ ကျီးကျွန်း ရဲကင်းဘက်သ်ို့ လောင်းလှေ ၂ စီး လှော်ခတ်လာသည်ကိုတွေ့ရ၍ ရပ်တန့်ရန် ဟန့်တားခဲ့သည်။

 

ထိုသို့ ဟန့်တားသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လှော်ခတ်သဖြင့် လက်နက်ငယ်ဖြင့် ချောက်လှန့် ပစ်ခတ်စဉ် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဂုံးနားကျေးရွာနေ ဇာဟတ် တူဆောင်း ပါ မသင်္ကာသူ(၄) ဦး ၊ ဓားရှည် (၄) လက်ကိုလည်းကောင်း၊ ကျန်လှေပေါ်မှ ကျွန်းခေါင်းကျေးရွာနေ မဆန်နာဝါရာဘေဂွပ်ပါ အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၃ ဦး ကလေး ၈ ဦး စုစုပေါင်း လှေ ၂ စီးပေါ်ပါရှိသူ (၁၆) ဦးအား ထိန်းသိမ်းခဲ့သည်။ ၎င်းတို့အား စစ်မေးရာ နယ်မြေ (၅) လောင်းဒုံမှ ထွက်ပြေးလာခြင်းဖြစ်ပြီး နတ်မြစ်အား ဖြတ်၍ ကျီးကျွန်းရဲကင်းစခန်းအနီး အလယ်ချောင်းအတိုင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်းထုတ်ပြန်ရေးကော်မတီ)