မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ်ဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက်ရာတွင် ဗီဇာလျှောက်ထားစရာ မလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရတော့မည်

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၇

စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ ဗီဇာကင်းလွတ်ရက်ပေါင်း ၃၀ နေထိုင်ခွင့် အပြန်အလှန် သဘော တူညီချက်ကို လဲလှယ်ခဲ့ကြသည်။

 

ထိုသဘောတူညီချက်အရ မြန်မာနိုင်ငံသားများ သာမန်နိုင်ငံကူးလက်မှတ် (Ordinary Passport) ဖြင့် စင်ကာပူနိုင်ငံသို့ သွားရောက်ကြရာတွင် ဗီဇာလျှောက်ထားစရာမလိုဘဲ ရက်ပေါင်း ၃၀ နေထိုင်ခွင့် ရရှိတော့မည် ဖြစ်သည်။

 

အလားတူ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ စင်ကာပူနိုင်ငံသားများ အနေဖြင့်လည်း မြန်မာ နိုင်ငံသို့ ဗီဇာလျှောက်ထားစရာမလိုတော့ဘဲ လာရောက်နိုင်ပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။

 

သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ဗီဇာကင်းလွတ်ရက်ပေါင်း ၃၀ နေထိုင်ခွင့်ပြုခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်၍ ဆောင်ရွက်ပေးမည်ဖြစ်သည်။