မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု ဂျပန်နိုင်ငံလေ့လာရေးအစီအစဉ်-၂၀၁၆ ရွေးချယ်ခြင်းခံရသည့် ဘက်စုံထူးချွန်သူများစာရင်းထုတ်ပြန်

Printer-friendly versionSend by email

ရန်ကုန် ဩဂုတ် ၁၆

မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု (ဂျပန်နိုင်ငံလေ့လာရေးအစီအစဉ်-၂၀၁၆) အတွက် ဘက်စုံထူးချွန်သူ ၁၆ ဦးအားရွေးချယ်ပြီး ဂျပန်နိုင်ငံသို့ ခုနစ်ညအိပ် ရှစ်ရက်ကြာ လေ့လာရေး အစီအစဉ်ကို အောက်တိုဘာလဆန်းတွင် စေလွှတ်သွားမည်ဖြစ်ရာ ပညာရည်ထူးချွန်ဆုအတွက် အဆိုပြုလွှာ တင်သွင်းခွင့် သတ်မှတ်ချက်ပြည့်မီပြီး သတ်မှတ်ရက်တွင်အဆိုပြုလွှာများ ပြန်လည် ပေးပို့ခဲ့သည့် ကျောင်းသား ကျောင်းသူ ၁၁၀ အား ပဏာမဆန်းစစ်မှုစာမေးပွဲကို ဇူလိုင်၂၃ ရက်တွင် ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် YUFL ၌ ကျင်းပခဲ့သည်။

 

အသင်း၏ ထူးချွန်ကျောင်းသားရွေးချယ်ရေးကော်မတီသည် ပထမဆန်းစစ်မှု စာမေးပွဲရလဒ်များနှင့် တစ်ဦးချင်းအဆိုပြုလွှာများကို စိစစ်၍ သတ်မှတ်အဆင့် အရည်အချင်းမီသူ ၆၁ ဦးအား ပထမအဆင့် လူတွေ့စစ်ဆေးမှုကို ဩဂုတ် ၆ ရက်တွင်လည်းကောင်း၊ ဒုတိယအဆင့် လူတွေ့စစ်ဆေးမှုအဖြစ် ကျောင်းသား ကျောင်းသူ ၂၆ ဦးကို ဩဂုတ် ၁၄ ရက်တွင်လည်းကောင်း ပြုလုပ်ခဲ့ပြီး အောက်ဖော်ပြပါ ဘက်စုံထူးချွန်သူ ၁၆ ဦးအား အတည်ပြုရွေးချယ်ခဲ့သည်။

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် YUFL မှ-

 

(၁) မထက်ရည်နိုင် (ဒုတိယနှစ် ဂျပန်ဘာသာ)

(၂) မသဲနုဆွေ (ဒုတိယနှစ် ဂျပန်ဘာသာ)

(၃) မောင်လင်းသန့်ဦး(ဒုတိယနှစ် ဂျပန်ဘာသာ)

(၄) မကြည့်လဲ့ဝင်းပြည့်(တတိယနှစ်၊ ဂျပန်ဘာသာ)

(၅) မအေးချမ်းမိုး(တတိယနှစ်၊ ဂျပန်ဘာသာ)

(၆) မသက်နှင်းပိုင်စိုး(တတိယနှစ်၊ ဂျပန်ဘာသာ)

 

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး၌ အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်သူများမှ-

 

(၇) မောင်မင်းသွင်ခန့် (အထက-၁၊ ဒဂုံ၊ ရန်ကုန်)

(၈) မအိန္ဒြေဗိုလ်ဗိုလ် (အထက-လေ့ကျင့်ရေး၊ ကမာရွတ်၊ရန်ကုန်)

(၉) မခင်ဦးကံ့ကော် (အထက-၂၊ ဒဂုံ၊ ရန်ကုန်)

(၁၀) မမြပန်းချီ (အထက-လေ့ကျင့်ရေး၊ ကမာရွတ်၊ ရန်ကုန်)

(၁၁) မပန်ဆုသော်(ဝိပ္ပံ) (အထက-၂၊ စမ်းချောင်း၊ရန်ကုန်)

(၁၂) မအိန္ဒြေမိုးသုံသန်း(ဝိပ္ပံ) (အထက-၄၊ကမာရွတ်၊ရန်ကုန်)

 

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အမှတ် အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်သူများမှ-

 

(၁၃) မောင်ကျုံလျန်ထန် (အထက-၁၊ ဟားခါး၊ ချင်းပြည်နယ်)

(၁၄) မဖြိုးသဉ္ဇာထက် (ကပက-ပါရမီပညာရိပ်မွန်)၊ မုံရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး)

(၁၅) မောင်နေနော်ဦး (အထက-၁၊ တောင်ကြီး၊ရှမ်းပြည်နယ်)

(၁၆) မခြူးဆက်စံသာ (အထက-၁၊ ထားဝယ်၊ တနင်္သာရီတိုင်းဒေသကြီး)

 

ရွေးချယ်ခြင်းခံရသည့် ကျောင်းသား ကျောင်းသူများသည် မြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ရေး၊ ဂျပန်ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားရေးအပါအဝင် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန်အတွက် မြန်မာ-ဂျပန်အသင်းရုံး(ရန်ကုန်) ဖုန်း-၀၁-၂၅၆၀၇၄၊ ၂၅၆၀၇၅၊ ၀၉-၄၂၁၁၆၂၃၃၁ တို့သို့ အမြန်ဆုံး ဆက်သွယ်ကြရန် ဖြစ်ကြောင်း သိရှိရသည်။