MNDAA လက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့် Airgun သေနတ်နှင့် ခဲယမ်းဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

နေပြည်တော် မတ် ၂၂

 

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ ရန်လုံကျိုင်းအနီးပတ်ဝန်းကျင်မှ MNDAA လက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့် Airguns သေနတ်နှင့် ခဲယမ်းဆက်စပ် ပစ္စည်းများကို မတ် ၂၁ ရက်က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

လောက်ကိုင်မြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်၌ တပ်မတော်စစ်ကြောင်းများက MNDAA လက်နက်ကိုင် အဖွဲ့များကို ဖြန့်ခွဲထိန်းချုပ်လျက်ရှိရာ မတ် ၂၁ ရက် နံနက် ၁၀ နာရီခွဲက ရန်လုံကျိုင်း ရဲစခန်းအနီးရှိ အဆောက်အအုံများအတွင်း နယ်မြေရှင်းလင်းစဉ် AIR-PORE Airguns တံဆိပ်ပါ Airgun အမျိုးအစား (မှန်ပြောင်းပါ) သေနတ် တစ်လက်၊ ပွိုင့်-၂၂ ကျည်အပါအဝင် ကျည်မျိုးစုံ ၁၈၈ တောင့်၊ ကျည်အိမ်မျိုးစုံ လေးခု၊ လက်ပစ်ဗုံး လေးလုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။