တောင်အာဖရိကနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံတွေကို မြန်မာနိုင်ငံအတွက် မျှဝေပေးလို

Printer-friendly versionSend by email

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် တောင်အာဖရိက နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်နိုင်မှုတို့နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ် Mr. Geoffrey Quinton Mitchell Doidge နှင့် မြန်မာ့ သတင်းစဉ်တို့ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်-

 

မေး။ မင်္ဂလာပါ အဆွေတော်သံအမတ်ကြီးခင်ဗျာ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့် ခဲ့ပြီလို့သိရပါတယ်။

 

သမိုင်းကြောင်းအရကြည့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတို့ဟာ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်နိုင်ကြတာတွေ့ရပါ တယ်။ အခုလည်း အဆွေတော်မြန်မာနိုင်ငံကို ရောက်ရှိလာ တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ထပ်မံတိုးမြှင့်နိုင်မယ် လို့မျှော်လင့်ပါတယ်။ အဲဒီအပေါ် အဆွေတော်ရဲ့အမြင်ကို သိချင်ပါတယ်။

 

ဖြေ။ မြန်မာနိုင်ငံနဲ့တောင်အာဖရိကနိုင်ငံတို့ရဲ့ သံတမန် ဆက်ဆံရေးသက်တမ်းဟာ ဆယ်စုနှစ် နှစ်ခုမက ရှိလာပါပြီ။ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံက ရရှိခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေ အပေါ် ကျွန်တော်တို့အလွန်မှအားရကျေနပ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဖော်ဆောင်နေဆဲဖြစ်ပြီး အဲဒီ အပြောင်းအလဲနဲ့အတူ အောင်မြင်မှုတွေ စတင်ရရှိနေပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကျင်းပခဲ့တဲ့ ပထမအကြိမ်ပင်လုံညီလာခံနဲ့ ဒုတိယအကြိမ်ပင်လုံ ညီလာခံတွေအပေါ် ကျွန်တော်တို့ အထူးတလည်စိတ်ဝင်စား လျက်ရှိပါတယ်။ ထို့အတူ တောင်အာဖရိက နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း မြန်မာနိုင်ငံအတွက် မျှဝေပေး လိုပါတယ်။ ခေတ်အဆက်ဆက်က ဒီမိုကရေစီဖော်ဆောင် ရာမှာရရှိခဲ့တဲ့ တောင်အာဖရိကနိုင်ငံရဲ့ အတွေ့အကြုံ တွေကို မျှဝေပေးခြင်း အားဖြင့် မြန်မာနိုင်ငံအတွက် အကျိုး များစွာရရှိမှာပါ။ ဒီနေရာမှာ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာကို ကျွန်တော် တို့က မပြောလိုသော်လည်း ကျွန်တော်တို့ရဲ့ အမှားတွေအပေါ် မှာတော့ သင်ခန်းစာယူနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။

 

မေး။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လုပ်ဆောင်နေတာ အဆွေတော်သိပြီးဖြစ်မှာပါ။ ဖော်ပြပါလုပ်ငန်းစဉ် တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှု အပေါ် အဆွေတော်ရဲ့အမြင်ကို သိချင်ပါတယ်။

 

ဖြေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ညှိနှိုင်း အဖြေရှာရတဲ့ကိစ္စဟာ ရှည်ကြာတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ ထို့အတူ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ဖို့ဟာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လိုပဲ နက်နဲရှုပ်ထွေးပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဖော်ဆောင် တာဟာ မလွယ်ကူလှတဲ့အတွက် အားလုံးပါဝင်ဖို့ လိုအပ်သလို အချိန်များစွာ ယူဖို့ လိုအပ်ပါတယ်။ တောင်အာဖရိက အနေနဲ့ အဲဒီလုပ်ငန်းစဉ်တွေကို နှစ်အတန်ကြာ ကြိုးပမ်း အကောင် အထည်ဖော်ခဲ့ရပါတယ်။ နယ်ဆန်မင်ဒဲလား မလွတ်မြောက်မီ ၁၉၈ဝ ခုနှစ် နှောင်းပိုင်းကာလကတည်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကျွန်တော်တို့စေ့စပ် ညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်မှာ နယ်ဆန်မင်ဒဲလားလွတ်မြောက်လာပြီးတဲ့နောက်ပိုင်းမှာ ဆွေးနွေးညှိနှိုင်းမှုအသစ်တစ်ရပ် လုပ်ဆောင်ခဲ့ကြပြီး အဲဒီကနေတစ်ဆင့် ၁၉၉၄ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပ နိုင်တဲ့အထိရောက်ရှိခဲ့ပြီး ဒီမိုကရေစီပုံစံရွေးကောက်ပွဲကို ပထမဦးဆုံးအကြိမ်ကျင်းပနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ ရွေးကောက်ပွဲနဲ့အတူ ပေါ်ပေါက်လာတဲ့ပါလီမန်က နိုင်ငံကိုပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နိုင်ဖို့အတွက် ဥပဒေပေါင်း ၇ဝဝ ကျော်ကို ပြဋ္ဌာန်းနိုင်ခဲ့ပါ တယ်။ နယ်ဆန်မင်ဒဲလား တောင်အာဖရိကသမ္မတဖြစ်လာ တဲ့အချိန်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို စတင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သို့သော် လည်း ယခင်အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေတွေဖြစ်တဲ့ ဆင်းရဲမွဲတေမှု၊ မမျှတမှုနဲ့ အခြားသော အခက်အခဲနဲ့ စိန်ခေါ်မှုတွေကိုတော့ တောင်အာဖရိကပြည်သူတွေ ရင်ဆိုင်ခံစားနေရဆဲဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက အသွင်ကူးပြောင်းရေးကာလမှာ ကြုံတွေ့ရတဲ့အခက်အခဲ တွေဟာ တောင်အာဖရိက ပြည်သူတွေရဲ့ ဘဝအပေါ် သက်ရောက်မှုရှိနေဆဲဖြစ်တဲ့အတွက် တောင်အာဖရိက နိုင်ငံအနေနဲ့ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေဆဲ လို့ပဲဆိုချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသွင်ကူးပြောင်း ရေးတွေလုပ်ဆောင်ခဲ့ရာမှာ နိုင်ငံတော်တည်ဆောက်ရေး နဲ့ပတ်သက်ပြီး အပြည့်အဝ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ တစ်ဦးနဲ့တစ်ဦးအကြား၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြားမှာ ငြိမ်းချမ်းရေးဖော်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်း မှာ ငြိမ်းချမ်းရေးဖြစ်ထွန်းလာမှသာ နိုင်ငံတော်တည်ဆောက် ရေးလုပ်ငန်းလည်း အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးပြောချင်တာက ကျွန်တော်တို့ အားလုံးဟာ စိတ်ရှည်ဖို့လိုပါတယ်။ မြန်မာပြည်သူပြည်သား တွေလည်း စိတ်ရှည်ဖို့လိုပါတယ်။ တောင်အာဖရိကနိုင်ငံ အနေနဲ့ လာမယ့်လေးနှစ်တာကာလအထိ မြန်မာနိုင်ငံ အပေါ် စောင့်ကြည့် အကဲဖြတ်ရင်း မြန်မာနိုင်ငံနဲ့အတူ အတွေ့အကြုံတွေကို ဖလှယ်ချင်ပါတယ်။

 

မေး။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ နိုင်ငံတော်တာဝန် စတင် ရယူခဲ့တဲ့အချိန် ကစပြီး ငြိမ်းချမ်းရေးအတွက် တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ ပါတယ်။ ငြိမ်းချမ်းရေးကို ထိရောက်စွာအကောင်အထည် ဖော်နိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ကျင်းပ ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော် နေတဲ့ င်ြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တောင်အာဖရိကမှာ အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှိုင်းယှဉ်ပြီး အဆွေတော်ရဲ့အကြံပြုချက်ကို လိုချင်ပါတယ်။

 

ဖြေ။ တောင်အာဖရိကဟာ စနစ်တစ်ခုမှစနစ်တစ်ခုကို လွှဲပြောင်းပေးနိုင်ခဲ့တဲ့ အားသာချက်တွေ ရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကတော့ သူ့အုပ်ချုပ်ရေး စနစ်နဲ့သူ ရှေ့ကိုခရီးဆက်နေပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲမှု တွေကို လုပ်ဆောင်နေတာတွေ့ရပါတယ်။ ငြိမ်းချမ်းရေးညီလာခံတွေ ကျင်းပနိုင်ခဲ့တဲ့မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှု အပေါ် မိမိတို့ လေးစားရပါတယ်။ နိုင်ငံပြုပြင် ပြောင်းလဲရေးမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အမြဲရှိနေ မှာပါ။ တောင်အာဖရိကနိုင်ငံပင်လျှင် စေ့စပ်ဆွေးနွေး ညှိနှိုင်းမှုသုံးကြိမ်အထိ ပျက်ပြားခဲ့ရပါတယ်။ ပထမအကြိမ် ပျက်သွားခဲ့တယ်။ ဒုတိယအကြိမ် ထပ်မံကြိုးစားသော်လည်း ပျက်ပြားခဲ့တယ်။ တတိယ အကြိမ်ရောက်မှ သဘော တူညီမှုတွေရရှိခဲ့တာကြောင့် အဲဒီတတိယ အကြိမ်ကို ''ပါတီစုံစေ့စပ်ဆွေးနွေး ညှိနှိုင်းမှုဖိုရမ်'' လို့ ထင်ရှား ကျော်ကြားခဲ့ခြင်းဖြစ်ပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယ အကြိမ်မှာ အောင်မြင်မှုနဲ့ အလှမ်းဝေးခဲ့ပြီး အားလုံးပါဝင်တဲ့ တတိယ အကြိမ်ကျမှ သဘောတူညီမှုတွေရရှိခဲ့ကြပြီး လမ်းမှန်ပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး လုပ်ဆောင်စရာတွေ ရှိနေပါသေးတယ်။ ဒါကြောင့်မို့ အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးဟာ များစွာရှုပ်ထွေးတဲ့အတွက် အဆောတလျှင် လုပ်ဆောင်လို့ မရနိုင်ပါဘူး။ အဲဒီလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်တဲ့သူတွေ အနေနဲ့ အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်လာမှသာ အောင်မြင်မှု ရနိုင်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်ဖို့ လိုအပ်ပါတယ်။

 

မေး။ အဆွေတော်အနေနဲ့ ဝန်ကြီးတာဝန်လည်း ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတည်ဆောက် ရေးနဲ့ပတ်သက်ပြီး အဆွေတော်မှာ အတွေ့အကြုံများစွာ ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမြန်မာ အစိုးရသစ်ရဲ့ နိုင်ငံတော်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့ ဘက်စုံအမြင်ကို သိချင်ပါတယ်။

ဖြေ။ မြန်မာနိုင်ငံကိုလာရောက်တာ တောင်အာဖရိက အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကိုယ်စားပြုလာရောက် ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အောင်မြင် တိုးတက်လာတဲ့အပေါ်မှာ ကျွန်တော်တို့ ချီးမွမ်းဂုဏ်ပြုပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်မှာ စိန်ခေါ်မှုတွေ အတူယှဉ်တွဲပြီး ပါလာတယ်ဆိုတာ ကျွန်တော်တို့သိရှိသဘောပေါက်ပါ တယ်။ ပင်လုံ ညီလာခံမှာ အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်တွေ အားလုံးလက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေး သည့်တိုင် တက်ကြွစွာပါဝင်ဆွေးနွေးတဲ့သူတွေနဲ့ ညီလာခံ အထမြောက်အောင် ကျင်းပနိုင်ခဲ့တဲ့ မြန်မာအစိုးရကို ကျွန်တော်တို့ ချီးမွမ်းဂုဏ်ပြုပါတယ်။ ဆွေးနွေးပွဲမှာ လူတိုင်းလူတိုင်းလာရောက်ပြီး ပါဝင်ဆွေးနွေးနိုင်ဖို့ ကျွန်တော်တို့ တိုက်တွန်းအားပေးလိုပါတယ်။ ဒါမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြီးပြည့်စုံတဲ့အဖြေတစ်ခု ထွက်ပေါ်လာမှာဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ရရှိပြီးသားတိုးတက်အောင်မြင်မှု တွေအပေါ် ကျေနပ်အားရနေသလို ဆွေးနွေးပွဲမှာ ပိုပြီး ပါဝင်လာကြဖို့နဲ့ ဆွေးနွေးပွဲပိုပြီးအောင်မြင်ဖို့ ဆန္ဒရှိနေပါ တယ်။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ စေ့စပ် ညှိနှိုင်းရေးလုပ်ငန်းစဉ်မှာ ရင်ဆိုင်နေရတဲ့ မတူညီတဲ့အမြင် တွေ၊ အခက်အခဲတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ သတိထားဆင်ခြင်ရတဲ့အခြေအနေမှာရှိပါတယ်။ မည်သို့ပင် ဆိုစေ တောင်အာဖရိက နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အတွေ့ အကြုံတွေမျှဝေဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။